Kha Mauk Kyi News

0 0
Read Time:2 Minute, 27 Second

ခမောက်ကြီးမြို့နယ်၊ ပါကလပ်နယ်မြေ၌ တိုက်ပွဲဖြစ်ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် နေအိမ် ၆ လုံးနှင့် ဥယျာဉ်ခြံတစ်ခြံမီးလောင်ပျက်စီး

 

D Day News

ဧပြီလ ၅

 

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ နန္မသွန်ဒေသ၊ ပါကလပ်နယ်မြေတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၆ လုံးနှင့် ဥယျာဉ်ခြံတစ်ခြံ မီးလောင်ပျက်စီးခဲ့ကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၃ ရက်နေ့က ခမောက်ကြီး မြို့နယ်၊ နန္မသွန်ဒေသ ပါကလပ်နယ်မြေသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နံနက် ၉ နာရီခန့်တွင် တစ် ကြိမ်၊ မွန်းလွဲ ၁ နာရီခန့်တွင် တစ်ကြိမ်နှင့် ညနေ ၄ နာရီခန့်တွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကော့သောင်း(ပကဖ)၊ ဘုတ်ပြင်း(ပကဖ) ၊ နှင့် KTLAကော်သူလေးအာမီပူးပေါင်းအဖွဲ့(ငါးမန်းစစ်ကြောင်း) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ပြန်လည်ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ဝိုင်ဒင်းကျေးရွာအတွင်းသို့ ပစ် ခတ်ခဲ့ရာ ပြည်သူပိုင်နေအိမ် ၆ လုံးနှင့် ဥယျာဉ်ခြံတစ်ခြံ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

 

ကော့သောင်းမြို့နယ်အတွင်း၌ စစ်ရေးတင်းမာလက်ရှိပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်ပေါ်လာနိုင်သည့် အတွက်  ပြည်သူများအနေဖြင့် စစ်ရေးသတိ စစ်ရေးအသိအမြဲရှိကြရန်နှင့် စစ်ကောင်စီ တပ်သား၊ စစ်သားများ နေထိုင်ရာ အဆောက်အဦများ ၊ ယာဉ်များနှင့် ဝေးဝေးသွားလာနေထိုင်ပေးကြရန် သတိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *