Wetlet News

0 0
Read Time:2 Minute, 29 Second

ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာစခန်းကို ရိက္ခာလာပို့ စက်လှေများကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး စက်လှေ ၂ စီးနစ်မြှုပ်

 

D Day News

ဧပြီလ ၃

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာစခန်းသို့ ရိက္ခာလာပို့သည့် စက်လှေများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ရိက္ခာတင် စက်လှေ ၂ စီးနစ်မြုပ်ခဲ့ခဲ့ကြောင်း ပြည် သူ့အစေခံတပ်ဦးထံမှ သိရသည်။

 

မတ်လ ၃၁ ရက် နံနက် ၈ နာရီခန့်က ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာအတွင်းရှိ အကြမ်းဖက် စစ်တပ် စခန်းသို့ စက်လှေများဖြင့် ရိက္ခာများလာပို့မည်ဖြစ်ကြောင်း သတင်းအရ စစ် တပ်စခန်း အတွင်းရှိ စစ်များ၏ အခြေအနေကို ရှေ့ကင်းသွားရောက်ထောက်လှမ်းစဉ် ကင်းပုန်းစစ်သားများနှင့် ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

 

ထို့နောက် ညနေ ၃ နာရီ မိနစ် ၃၀ အချိန်တွင် မတ္တရာမြို့နယ်၊ ဥဒိန်ရွာဘက်မှ ရိက္ခာပစ္စည်းများ ဆောင်ပြီး ကမ်းကူးလာသည့် စက်လှေ အသေး ၅ စီးကို မြစ်ကမ်းထိပ်အရောက် ကြားဖြတ်တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး စက်လှေ ၂ စီးနစ်မြှုပ်သွားကာ ကျန်စက်လှေများဖြင့်ပြန် ဆုတ်ပြေးသွားကြောင်း သိရသည်။

 

“ကမ်းဘးက‌နေ စောင့်ပစ်ခဲ့တာ၊ စက်လှေ ၂ စီးမြှုပ်သွားတယ်။ ရှိန်းမကားစခန်းအထိ မသွားနိုင်တော့ ပဲ ပြန်ဆုတ်သွားတာ၊ အလောင်း ၂ လောင်းကတော့ သူတို့ပြန်ဆွဲသွားတယ်၊ ၃ လောင်းကတော့ စက် လှေပေါ်မှာကျန်ခဲ့တာ၊ စက်လှေတစ်စီးကတော့ အောက်မျောသွားလို့ အောက်ဖက် မျောသွားလို့ အောက် ဖက်က အဖွဲ့တွေက ဆယ်ထားလို့ သိရတယ်၊ အဲဒီခွေးတွေ ဥဒိန်ကနေ မတ္တရာကို ပြန်သွား တဲ့အချိန်မှာလည်း မိုင်းမိသေးတယ်လို့ သိရတယ်။” ဟု ပြည် သူ့အစေခံတပ်ဦးမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့အစေခံတော်လှန်ရေးအဖွဲ့၊ လျှပ်စီးအဖွဲ့ နှင့် တောကြီးမြွေပွေးတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *