Monywa News

0 0
Read Time:4 Minute, 49 Second

မုံရွာ၊ ချောင်းဦးနှင့်မြင်းမူမြို့နယ်တို့တွင် မတ်လအတွင်း စစ်ဆင်ရေး ၉ ကြိမ်ပြုလုပ်ခဲ့ရာ အကြမ်းဖက် စစ်သား ၃၄ ဦးသေဆုံး

 

D Day News

ဧပြီလ ၃

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ မြင်းမူမြို့နယ်နှင့် မုံရွာ – မန္တလေးလမ်းပေါ်ရှိ အကြမ်း ဖက်စစ်သေားများကို လက်နက်ကြီး၊ လက်နက်ငယ်၊ မိုင်းများဖြင့် စစ်ဆင်ရေး ၉ ကြိမ်လုပ်ဆောင်ခဲ့ ရာ အကြမ်းဖက်စစ်သား ၃၄ ဦး သေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa ထံမှ သိရသည်။

 

မတ်လ ၂ ရက်နေ့က ချောင်းဦးမြို့ဘက်မှ မုံရွာဘက်သို့ လာသော Jammer တပ်ဆင်ထားသည့် စစ်ကား ၁ စီး နှင့် သံပြားကာ ကား ၁ စီးကို ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် မတ်လ ၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်၊ မြပုလဲဂိတ်မှ မုံရွာဘက်သို့ ထွက်လာသော စစ် တပ် စစ်ကြောင်းကို ချောင်းဦး – မုံရွာလမ်းပေါ်၌ ပေဒသာမိုင်း ၃ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

မတ်လ ၄ ရက်နေ့တွင် မြင်းမူမြို့ ရှောင်လမ်း၌  Jammer ကားပျက်၍ ပြင်နေကြသော အကြမ်းဖက် စစ်သားများကို  ၄၀ မမ ၅ လုံးဖြင့် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ အလားတူ မတ်လ ၁၃ ရက်နေ့တွင် မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနောက်ဘက်ရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း ရောက်ရှိနေသောစစ်သားများကို ဒရုန်း၊  ၄၀ မမအပါအဝင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

မတ်လ ၁၆ ရက်နေ့တွင် ချောင်းဦးမြို့နယ်၊ မြပုလဲဂိတ်နှင့် ဘက်စုံခြံမှ ထွက်လာသော သံပြားကာ စစ်ကား ၂ စီးကို ချောင်းဦး-မုံရွာလမ်းပိုင်းအရောက် ပဒေသာမိုင်း ၅ လုံး ပွိုင့် ၂ ပွိုင့်ဖြင့် မိုင်း ဆွဲတိုက် ခိုက်ခဲ့ကြောင်း၊ မတ်လ ၂၀ ရက်နေ့တွင် စစ်ကိုင်းမှ ထွက်လာသော Jammer ကား ၂ စီးနှင့် သံပြား ကာ ကား ၃ စီးပါယာဥ်တန်းကို  မြင်းမူ-ချောင်းဦးလမ်းပိုင်းတွင် ပဒေသာမိုင်း ၅ လုံး၊ ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် ထန်းလုံးမိုင်း အကြီး ၁ လုံးတို့ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

မတ်လ ၂၃ ရက်နေ့တွင် မုံရွာမြို့နယ်၊ စွမ်းရည်ထက်ဂိတ်မှ ဘော်ဒိုဇာ ၁ စီးဖြင့် မိုင်းရှင်းရန် ထွက် လာသော စစ်သားများကို မုံရွာ-ချောင်းဦးလမ်းပိုင်း၌ ပဒေသာမိုင်း ၃ လုံးပွိုင့် ၂ ပွိုင့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း၊မတ်လ ၂၅ ရက်နေ့တွင် မြင်းမူမြို့နယ်၊ ဝမ်းပြည့် ကျေးရွာနှင့်အလက္ကပ္ပကျေးရွာကြားရှိ ဆီဆိုင် အတွင်း ရောက်ရှိနေသောစစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲချသည့် အပြင် ၄၀မမ၊ ၆၀ မမများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

မတ်လ ၂၈ ရက်နေ့တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန်ဂိတ်မှထွက်လာသော Jammer ကား ၁ စီးကို ချောင်းဦး-မြင်းမူလမ်းပိုင်းတွင် ပဒေသာမိုင်း ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၇ ဦးသေဆုံး ခဲ့ကြောင်း ၊ မတ်လ ၃၀ ရက်နေ့တွင် မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာနှင့် ရေပိုးစားကျေးရွာ ကြား ၌ ဘော်ဒိုဇာကားဖြင့် မိုင်းရှင်းနေသောစစ်သားများကို ၆၀ မမ ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

“အခု ထုတ်ပြန်တဲ့စာရင်းက အရင်က သိရတာတွေလည်းပါတယ်၊ နောက်မှ ထပ်တိုးသိရတာတွေ လည်း ပါတယ်ဗျ၊ စစ်ကောင်စီလက်ပါးစေတွေကို အန္တရာယ်ကင်းကင်းနဲ့ ထိထိရောက်ရောက် တိုက် ခိုက်နိုင်အောင် မဟာမိတ်တွေနဲ့ မစ်ရှင်တွေ ကြိုးစားဖော်ဆောင်နေပါတယ်” ဟု People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa အနေဖြင့် ရန်ပုံငွေ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပြီး ခဲယမ်း၊ ကျည်များ ပြန်လည် ဖြည့်တင်းနိုင်ရန် အရေးပေါ်  လိုအပ်နေသဖြင့် မိဘပြည်သူများက ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် အထူးမေတ္တာရပ်ခံ ထား သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *