Monywa News

0 0
Read Time:3 Minute, 9 Second

မုံရွာမြို့နယ်၊ တောပုပျူစောထီးစခန်းနှင့် မြပုလဲဆီဆိုင် စစ်တပ် ဂိတ်စခန်းကို ဗုံးကျဲတိုက်ခိုက်မှု စစ်သား၊ ပျူစောထီး ၇ ဦးသေဆုံးပြီး အဆောက်အအုံ ၃ လုံး မီးလောင်ပျက်စီး (ရုပ်သံ)

 

D Day News

ဧပြီလ ၃

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးပြီး အဆောက်အအုံ ၃ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း မြောင် မြို့နယ်ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့- MSPDF ထံမှ သိရသည်။

 

ဧပြီလ ၁ ရက် ညနေ ၃ နာရီမှ ၃ နာရီခွဲခန့်အထိ မုံရွာမြို့နယ်၊ တောပုကျေးရွာ ပျူစောထီးစခန်းကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် AIR BOMB ၃ လုံးကျဲ ချတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးခဲ့ပြီး အမျးအပြားဒဏ်ရာ ရရှိခဲ့ ကြောင်း၊ ယင်း ဒဏ်ရာရရှိသူများကို ခရီးသည်တင် Express ကားတစ်စီးကို ချောဆွဲကာ မုံရွာဆေးရုံ သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

 

ထို့အပြင် ပျူစောထီးစခန်းအတွင်းရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများနေထိုင်ရာ အဆောက် အအုံ ၃ လုံးလည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

 

“ပြန်ပစ်တာတော့ ပက်ပက်စက်စက်ကို ပြန်ပစ်တယ်၊ ချနေတုန်းကို ပြန်ပစ်တာ၊ တောပုရွာက ဒဏ်ရာ စစ်ခွေး ဘယ်နှစ်ကောင်လဲဆိုတာ မသိရဘူး၊ Express ကားနဲ့မုံရွာကို သယ်သွားတယ်လို့ တော့သိရတယ်၊ လူနာကတော်တော်များတယ်လို့ သိရတယ်၊ ပြည်သူတွေထိခိုက်ဒဏ်ရာရတာ၊ ရဲဘော်တွေ ထိခိုက်တာမျိုးမရှိပါဘူး” ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့- MSPDF မှ သတင်း နှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ပြောကြားသည်။

 

အလားတူ ဧပြီလ ၁ ရက် ညနေ ၅ နာရီမှ ၇ နာရီအထိ ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်ဂိတ်စခန်းကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် AIR BOMB ၁၀ လုံး ကျဲ ချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေး အထူး တပ်ဖွဲ-MSPDF နှင့်အတူ ညီနောင်မဟာမိတ်များဖြစ်ကြသော၊ စစ်ကိုင်းခရိုင် Drone တပ်ဖွဲ့၊ မြင်းခြံ ခရိုင်အမှတ် ၈ တပ်ရင်း-NRDF ၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ URBAN HUNTER FORCE -UHF ၊ SHINING STARS နှင့် Meikhtila Special Force တိုမှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *