MBT News

0 0
Read Time:2 Minute, 35 Second

ရေစကြိုမြို့ထွေအုပ်ရုံးကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးဒဏ်ရာရ (ရုပ်သံ)

 

D Day News

ဧပြီလ ၃

 

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger MBT တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂ ရက် ညနေ ၅ နာရီခန့်က ရေစကြိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထား ရာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြောက်ကျားနည်းဗျူဟာဖြင့် ၄၀ မမ ဖြင့် ဗုံးသီး ၂ လုံးသွား ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထွေအုပ်ရုံးအတွင်းရှိ အကြမ်းဖက်စစ်သားများ နားနေရာ အဆောက် အအုံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“ပစ်တာကတော့ ၂ လုံးပစ်တာ၊ တစ်လုံးပဲ ကျည်ထွက်ပြီးကွဲခဲ့တာ၊ အဲဒီကျည်ကပဲ စစ်ခွေး ၂ ကောင် ကို ထိတာ၊ နောက်ကျည်တစ်လုံးက မထွက်ဘူး၊ ခွေးတွေဘက်က ၆၀ မမနဲ့ ၄ ချက်ပြန်ပစ်တယ်၊ ခွေးတွေ ပစ်တဲ့ကျည်ထိပြီး ပြည်သူယောက်ျားလေးတစ်ဦး ဒဏ်ရာရတယ်၊ ကျနော်တို့ ကမ်ပိန်းက လည်း ၅ ရာခိုင်နှုန်းတောင်မရသေးဘူး၊ ပြည်သူတွေပင်ပန်းနေလို့ပဲလား၊ သင်္ကြန်နားနီးလို့ပဲလား မသိဘူး၊ ကမ်ပိန်းရရှိမှုက နည်းနေသေးတဲ့အတွက် ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Myingyan Black Tiger MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို   Myingyan Black Tiger – MBT တပ်ဖွဲ့နှင့် YSO-TPG ပြောက်ကြားတပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ၆၀ မမ လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်မှုကြောင့် ပြည်သူ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

Myingyan Black Tiger MBT တပ်ဖွဲ့အနေဖြင့်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်စခန်းများကိုထိုးဖောက် ဝင်ရောက်တိုက်ခိုက်နိုင်ရန် “မြိုပြဆီသို့” ကမ်ပိန်းပြုလုပ်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် ဝိုင်း ဝန်းပူးပေါင်း ပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *