Myaing News

0 0
Read Time:1 Minute, 27 Second

မြိုင်မြို့နယ်၊ စစ်မှု ၂ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

 

D Day News

ဧပြီလ ၂

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Young Force – UG တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁ ရက် ညနေ ၄ နာရီခန့်က မြိုင်မြိုနယ်ရှိ စစ်ကောင်စီတပ်စွဲထားသော စက်မှု ၂ ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ RC Plane များဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ဗုံးသီး ၂ လုံး မှာ စစ်သားများနေထိုင်ရာ နေရာသို့ တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သား ၁ ဦးနေရာမှာပင် ပွဲချင်းပြီး သေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဝံပုလွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင် ပ.က.ဖ တပ်ရင်း ၁ ၊ D.M.G ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Thu Rain TR(ပခုက္ကူမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၂)တို့  ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြေင်း သိရသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *