KNU News

0 0
Read Time:6 Minute, 13 Second

မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်အခြေစိုက် ခမရ ၃၅၅ တပ်ရင်းပြန်လည်ရရှိရေး စစ်ကူလာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံး၊ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်း ရရှိ

 

D Day News

ဧပြီလ ၂

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင် အခြေစိုက် ခမရ ၃၅၅ တပ်ရင်း ပြန်လည်ရရှိရေး စစ်ကူလာသော စစ်ကြောင်းကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

မတ်လ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင် အ‌ခြေစိုက် အာဏာသိမ်း အ ကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၃၅၅) တပ်စခန်းအား ပြန်လည်ရရှိရေးအတွက် စစ်ကူလာသော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် မှ (၉၇) တပ်ရင်း၊ (၁၀၂) တပ်ရင်း၊ (၁၁၈) တပ်ရင်း၊ (၅၄၆) တပ်ရင်း နှင့် (၃၅၆) တပ်ရင်းတို့အား KNU – တပ်မဟာ (၆) KNLA – ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော် နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း KNLA – ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ တစ်စုံတစ်ရာ ထိခိုက်ကျဆုံးမှု မရှိပဲ အကြမ်းဖက်စစ်သားများထံမှ –

 

(၁) MA-1 – ၃ လက်

(၂) MA-2 – ၁ လက်

(၃) MA-3 – ၂ လက်

(၄) MAS – ၁ လက်

(၅) MA-5 – ၁ လက်

(၆) 38 mm – ၁ လက်

(၇) 60 mm (ကွန်မန်ဒို) – ၁ ပြောင်း

(၈) စက်လက် နာတိုပြောင်း – ၁ ပြောင်း

(၉) လက်ပစ်ဗုံး – ၂၂ လုံး

(၁၀) MA ကျည်ဘောက် – ၄၀ ဘောက်

(၁၁) MA (ကျည်ဘောက် အဝိုင်း) – ၁ ဘောက်

(၁၂) MA-5 (ကျည်ဘောက်) – ၂ ဘောက်

(၁၃) 5.56 (ကပစ) ကျည် – ၅၅၀၀ တောင့်

(၁၄) 7.62 (နာတိုကျည်) – ၁၀၀၀ တောင့်

(၁၅) 38 mm (ကျည်) – ၁၆ တောင့်

(၁၆) RPG (အသီး) – ၉ လုံး

(၁၇) RPG (ပို့ယမ်း) – ၃ တောင့်

(၁၈) 60 mm (ဗုံးသီး) – ၃၀ လုံး

(၁၉) ရှေ့ထွက်မိုင်း – ၁ လုံး

(၂၀) နင်းမိုင်း (အသေး) – ၆ လုံး

(၂၁) 60 mm (ပြောင်းထောက်) – ၁ ခု

(၂၂) ဆက်သွယ်ရေး အားသွင်းစက် – ၁ ခု

(၂၃) စစ်ဦးထုပ် – ၁၃ လုံး စသည့် လက်နက်ခဲယမ်းနှင့် အခြားပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

နှစ်ဖက် ထိတွေ့ပစ်ခတ်မှုအတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုနှင့် လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦး ထိမှန်သေဆုံးကာ (၃)ဦး ဒဏ်ရာရပြီး ပြည်သူပိုင် အိုးအိမ်တစ်ချို့ ထိမှန် ပျက်စီး သွားခဲ့ကြောင်း သိရသည်။

 

ထိုအပြင် မတ်လ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ခမရ (၃၅၅) တပ်စခန်းသို့ နောက်ထပ် စစ်ကူ ရောက်လာသော အဆိုပါ တပ်များအား KNLA – ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ ထပ်မံ၍ စောင့်ကြိုပစ်ခတ်ရာ အာဏာသိမ်း အကြမ်းဖက် စစ် ကောင်စီတပ် မှ (၅) ဦး ထပ်မှန် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ၁ ဦးတိုင်းပြည်နှင့်ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် အသက်ပေး လှူခဲ့ ရပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ထံမှ –

(၁) MA-1 – ၁ လက်

(၂) MA-2 – ၂ လက်

(၃) ၉ လုံးကျည် – ၁ လက်

(၄) ငါးကြင်းမြီး စက်လက် – ၁ လက်

(၅) 81 ပြောင်း – ၁ ပြောင်း

(၆) 60 mm (ကွန်မန်ဒို) ပြောင်း – ၂ ပြောင်း

(၇) 81 mm ပြောင်းအထိုင် – ၁ ခု

(၈) နင်းမိုင်း (အသေး) – ၇ လုံး

(၉) 60 mm (ဗုံးသီး) – ၁၈ လုံး

(၁၀) 81 mm (ဗုံးသီး) – ၁၄ လုံး

(၁၁) RPG ကျည် – ၈ လုံး

(၁၂) အီနာဂါ – ၄ လုံး

(၁၃) ချိန်ဆိုက် – ၁ ခု

(၁၄) 7.62 (နာတိုကျည်) – ၈၀၀ တောင့်

(၁၅) ငါးကြင်းမြီး နာတိုပြောင်း – ၁ ပြောင်း

(၁၆) လက်ပစ်ဗုံး – ၁၁ လုံး

(၁၇) စစ်ဦးထုပ် – ၁ လုံး စသည့် လက်နက်ခဲယမ်းနှင့် အခြားပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ (၆) အတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများအား KNU – တပ်မဟာ (၆) KNLA – ကရင်အမျိုးသား လွတ် မြောက် ရေးတပ်မတော်မှ ကြီးကြပ်ဦးဆောင်၍ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စခန်းသိမ်းတိုက်ပွဲအနေဖြင့် သော်လည်းကောင်း၊ မြို့တွင်းတိုက်ပွဲများအဖြင့် သော်လည်းကောင်း ဖော်ဆောင် လျက်ရှိနေပြီး နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ပြင်းထန်လျက် ရှိကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

 

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် နေစဥ်နှင့်အမျှ ရမ်းသမ်း ပစ်ခတ်မှုနှင့် လေယာဥ်များဖြင့် လိုက်လံ ဗုံးကျဲပစ်ခတ်မှုများကြောင့် အပြစ်မဲ့ပြည်သူများစွာ ထိမှန် သေဆုံးမှုရိပြီး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ပြည်သူ့နေအိမ်များကို လိုက်လံ မီးရှို့ ဖျက်စီးခြင်း၊ မီးလောင်ဗုံးများကိုလည်း ဒရုန်းများဖြင့် ကျဲချခြင်း၊ လေယာဥ်များဖြင့် ဗုံးကျဲပစ်ခတ် ခြင်းတို့ကြောင့် ကျေးရွာတွင်းရှိ၊ ရပ်ကွက်တွင်းရှိ ပြည်သူပိုင် အိုးအိမ်ပစ္စည်း အမြောက်အများ မီး လောင် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

Photo – ခမရ ၃၅၅ တပ်စခန်းသို့ စစ်ကူလာသောအကြမ်းဖက် စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ လက်နက်ခဲယမ်းများနှင့် မီးလောင်ပျက်စီးသွားသော ပြည်သူပိုင် အိုးအိမ်များ။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *