Nattalin News

0 0
Read Time:2 Minute, 47 Second

နတ်တလင်းမြို့နယ်၊ အောင်ချမ်းသာအောက်သစ်လုံးတွင်တပ်စွဲထားသော စစ်သားများကို တိုက် ခိုက်မှု စစ်သား ၂ ဦးသေဆုံး

 

D Day News

ဧပြီလ ၁

 

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ အောင်ချမ်းသာအောက်သစ် လုံးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ ကြောင်း နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix D F တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က နတ်တလင်းမြို့နယ်၊ အောင်ချမ်းသာ အောက် သစ်လုံးတွင် ယာယီတပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စုကို လက်နက်ကြီး၊လက်နက်ငယ်၊ စနိုက် ပါများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်း ဖက်စစ်သား ၂ ဦး စနိုက်ပါ ထိမှန်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“မနေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေပဲ၊ အခုလက်ရှိအထိတော့ တိုက်ပွဲဖြစ်တဲ့နေရာအနီး တဝိုက်မှာပဲရှိသေးတယ်၊ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်၊ အခုချိန်အထိ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတုန်းပဲ” ဟု နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix D F တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ် ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များ အပါအဝင် ဒရုန်းများကိုပါ အသုံးပြုတိုက်ခိုက်လာသည့်အတွက် တော်လှန်‌ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက် နစ်နာမှုမရှိစေရန် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်၊ အမှတ် ၁ တပ်ရင်း – ၃၈၀၁ တပ်ခွဲ ၂ PHOENIX D F၊ တပ် ခွဲ ၄ Bamar Revolution Army – BRA နှင့် ပြည်ခရိုင်တပ်ရင်း- ၃၆၀၁ တပ်ခွဲ ၂ AYEYAR NYI NAUNG မဟာမိတ်အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နတ်တလင်းမြို့နယ်အတွင်း ဆက်လက်၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အတွက် မိဘ ပြည် သူ များအနေဖြင့် အကြမ်းဖက်စစ်သားများအနီးတဝိုက်နှင့် ပဲခူးရိုးမအတွင်းသို့ ခရီးသွားလာခြင်း မပြု ကြပါရန် နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix D F တပ်ဖွဲ့က မေတ္တာရပ်ခံ အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *