Nahtogyi PDF News

1 0
Read Time:1 Minute, 26 Second

နွားထိုးကြီးမြို့နယ်၊ ကြာကန်ရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး

 

D Day News

ဧပြီလ ၁

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကြာကန်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF ထံမှ သိရသည်။

 

ယမန်နေ့မတ်လ ၃၁ ရက် နံနက် ၇ နာရီခန့်က နွားထိုးကြီးမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ဖြင့် လှည်လည်စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်သားများကို ကြာကန်ရွာအနီးအရောက် အနီး ကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ နာရီခန့်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ဦး မျက်မြင်သေဆုံးကာ ၅ ဦးအထက် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ပြန်ဆုတ်ပြေးသွားသည်ဟု ဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ နွားထိုး ကြီးမြို့နယ် (ပကဖ) နှင့် ဗိုလ်စားပြောက်ကျားတပ်ဖွဲ့တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောာင်း သိရသည်။

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *