Myaung News

0 0
Read Time:2 Minute, 56 Second

မြောင်မြို့နယ်၊ ကျောက်ရစ်ခန်းမှ CDM ဝင်မည့် စစ်သား ၂ ဦးကို ဖမ်းဆီးပြီး ရေစကြိုမြို့သို့ ပြန်ပို့စဉ် ကြားဖြတ် တိုက်ခိုက်မှု စစ်သားအများအပြား ထိခိုက်ဒဏ်ရာရ

 

D Day News

ဧပြီလ ၁

 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ CDM ဝင်မည့် စစ်သား ၂ ဦးကို ဖမ်းဆီးပြီး ရေစ ကြိုမြို့သို့ ပို့ဆောင်စဉ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Bagan Orge Force ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁ ရက် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်တွင် မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ စစ် ကောင်စီတပ်သား ၂ ဦးသည် CDM ဝင်ရောက်မည်ဟု သတင်းပေါက်ကြားသွားသဖြင့် ဖမ်းဆီးခေါ် ဆောင်ပြီး ရေစကြိုမြို့သို့ ပြန်ပို့ရန် ကျောက်ရစ်စခန်းမှ စစ်သားများက ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျောက်တန်းကျေးရွာ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပို့ဆောင်လာသည့် CDM ဝင်ရောက်မည့် စစ်သား ၂ ဦးကို ရေစကြိုမြို့ဘက်မှ အင်အား ၃၀ ခန့်ပါ သံဖလက်ခွန်ဖြင့် လာရောက်ကြိုဆိုပြီး ပြန်လာစဉ် ရွှေတချောင်းကျေးရွာအနီးအရောက် အနီး ကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး သံဖလက်ခွန်ကို အမြန်မောင်းနှင် ထွက်ပြေးသွားကြောင်း သိရသည်။

 

“သင်္ကြန်ကျရင် CDM ဝယ်လို့ သတင်းပေါက်ကြားသွားတဲ့ စစ်သား ၂ ဦးကို ဖမ်းပြီးရေစကြိုမြို့ကို ပြန် ပို့တာပါ၊ ကျောက်ရစ်စခန်းကနေ ကျောက်တန်းကျေးရွာကို ပို့တယ်၊ အဲဒီကျောက်တန်းကျေးရွာ ကို ရေစကြိုမြို့ပေါ်ကနေ သံဖလက်ခွန်နဲ့ ကူးလာပြီးလာခေါ်တာ၊ ခေါ်လာပြီး အပြန်မှာ အနီးကပ် ပစ် ခတ် တိုက်ခိုက်ခဲ့တာပါ၊ ခွေးတွေ အထိနာလို့ ဒီနေ့ နေ့လည်ပိုင်းကနေပြီး လက်နက်ကြီးနဲ့ ရမ်း သမ်း ပစ်ခတ်နေတာ အခုထိပဲ” ဟု ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Bagan Orge Force မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုကို ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Bagan Orge Force နှင့် မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အထိနာသောအကြမ်းဖက်စစ်သားများသည် ရေစကြိုမြို့ပေါ်မှနေ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိရာ နေအိမ် ၁ လုံးမီးလောင် သွားပြီး ပြည်သူ့ပိုင် နွား ၃ ကောင်နှင့် အိမ်မွေး ခွေး ၃ ကောင်သေဆုံးသွားကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *