Jail News

0 0
Read Time:1 Minute, 34 Second

ဖျာပုံအကျဉ်းထောင်အတွင်း၌ ပစ်ခတ်မှုဖြစ်ပြီး အကျဉ်းသား ၁၇ ဦး ထိခိုက်ဒဏ်ရာရ

 

D Day News

ဧပြီလ ၁

 

ဧရာဝတီတိုင်း၊ ဖျာပုံမြို့အကျဉ်းထောင်အတွင်း၌ ပစ်ခတ်မှုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM က ထုတ်ပြန်ထားသည်။

 

ယမန်နေ့ မတ်လ ၃၁ ရက် ညနေ ၅ နာရီခန့်က ဖျာပုံအကျဉ်းထောင်အတွင်း၌ ပစ်ခတ်သံများကြားရ ပြီး အကျဉ်းထောင်အတွင်းသို့ စစ်ကားများဝင်ရောက်သွားကြောင်း၊ ပစ်ခတ်ဖြိုခွင်းမှုအတွင်း နိုင်ငံရေး အကျဉ်းသားများအပါအဝင် အခြားအကျဉ်းသား ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။

 

ယနေ့ ဧပြီလ ၁ ရက်နေ့တွင် ဖျာပုံအကျဉ်းထောင်အတွင်းသို့ ပေးပို့သည့် ပါဆယ်များ လက်ခံခြင်းမရှိ ပဲ ပိတ်ပင်ထားပြီး စစ်သား၊ ရဲတပ်ဖွဲ့ဝင်များမှာလည်း အကျဉ်းထောင်အတွင်း၌ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် နိုင်ငံရေးအကျဉ်းသားများကို ခေါ်ယူစစ်ဆေးနေဆဲဖြစ်ပြီး ထပ်မံသိရှိရသည့် နောက်ဆုံးအခြေအနေများကို အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM က ပြောဆိုထားသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *