DrZWS News

0 0
Read Time:3 Minute, 27 Second

စစ်ကောင်စီ၏ စစ်သားစုဆောင်းမှုကို အခွင့်အရေးယူကာ တော်လှန်ရေးအမြန်အောင်မြင်ရန် လုပ် ဆောင်နေဟု ဒေါက်ဇော်ဝေစိုးပြော

 

D Day News

ဧပြီလ ၁

 

အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှုကို အခွင့်အရေးအဖြစ်သတ်မှတ်ကာ တော်လှန် ရေးအမြန်အောင်မြင်နိုင်မည့် မဟာဗျူဟာ ရေးဆွဲကာ လုပ်ဆောင်နေကြောင်း NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

 

ယခု အပတ်ထုတ်လွှင့်သည့် ပြည်သူမှ ပြည်သူသို့ အစီအစဉ်တွင် အစီအစဉ်တင်ဆက်သူ ကိုဟန်ဇော် လတ်၏ မေးမြန်းထားမှုကို NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ဖြေကြား ထားခြင်းဖြစ်သည်။

 

“စစ်သားစုဆောင်းတဲ့အပေါ်မှာ တန်ပြန်ပြီးတော့ တော်လှန်ရေးအောင်ပွဲခံနိုင်ဖို့အတွက် တွန်းအား ပေးတဲ့ တွန်းအားတစ်ခုအဖြစ် ပြင်ဆင်ခဲ့တယ်၊ အခုလို ပြည်သူလူအပေါ်မှာ လူငယ်တွေအပေါ်မှာ ဖိအားပေးမှုတွေ ဒုက္ခပေးမှုတွေကို အသွင်ပြောင်းပြီး ဒါကို အခွင့်အရေးတစ်ခု အနေနဲ့ ယူပြီးတော့ တော်လှန်ရေးအောင်မြင်အောင် ပြုလုပ်တဲ့ ဗျူဟာအနေနဲ့ ရေးဆွဲပြီးတော့ အခုချိန်မှာ အကောင် အထည် ဖော်နေပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းတာနှင့်ပတ်သက်၍ NUG အနေဖြင့် ကြေညာ ချက်ထုတ်ပြန်ကာ မဟာဗျူဟာပိုင်းဆိုင်ရာ ပြင်ဆင်ခဲ့ပြီး ယခုအချိန်တွင် အကောင်အထည်ဖော် နေပြီဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ မြေပြင်ရှိပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ညှိနှိုင်းကာ သက်ဆိုင်ရာဝန်ကြီးဌာန အချင်းချင်းပေါင်းစပ်ပြီး အကောင်အထည်ဖော် နေခြင်းဖြစ်ကြောင်း သိရသည်။

 

NUG အစိုးရအနေဖြင့် ခိုလှုံဝင်ရောက်နိုင်မည့် နည်းလမ်းပေါင်းများစွာကို ထုတ်ပြန် ညွှန်ပြပေးထား ကြောင်း၊ လူငယ်များ၊ ကျောင်း သူ၊ ကျောင်းသားများ၊ CDM များအနေဖြင့် ခိုလှုံလိုပါက ခိုလှုံနိုင်မည့် နေရာ အများအပြားရှိသည့်အပြင် NUG ဝန်ကြီးဌာနများအနေဖြင့်လည်း လွတ်မြောက်နယ်မြေများ၌ အလုပ် လုပ်နိုင်ရန် ခေါ်ယူခန့်ထာမှုများလည်းရှိကြောင်း အသိပေးထားသည်။

 

“လုံးဝပြိုလဲပျောက်ကွယ်တော့မဲ့ မကြာခင်မှာပျောက်ကွယ်သွားတော့မယ့် ဘာမှကြောက်နေစရာ မလိုဘူး၊ ပူပန်နေစရာမလိုဘူး၊ အားလုံးညီညီညွတ်ညွတ်ပါဝင်မှုတွေနဲ့ တွန်းလှန်တိုက်ခိုက်ကြဖို့ပဲ လိုတယ်လို့ အားပေးချင်တယ်။ စိုးရိမ်စိတ်တွေများနေတာကို သေချာစနစ်တကျကျော် လွှားလို့ရပါ တယ်။ ပြောင်းတော့ရွှေ့တော့မယ်ဆိုရင် ကိုယ်နဲ့ပတ်သက်တာတွကို အခုချိန်ကတည်းက စီစဉ် နေလို့ရပါပြီ။” ဟု NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက အားပေးတိုက်တွန်း ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *