Ayardaw News

0 0
Read Time:1 Minute, 37 Second

အရာတော်မြို့ထွေအုပ်ရုံး၌ သင်္ကြန်အစည်းအဝေး ပြုလုပ်နေစဉ် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၄ ဦး ဒဏ်ရာရ

 

D Day News

ဧပြီလ ၁

 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်း၌ သင်္ကြန်ရေသဘင်အတွက် အစည်းအဝေးပြုလုပ်နေစဉ် ဗုံးကျဲတိုက်ခိုက် ခဲ့ရာ စစ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း BGS Drone Force တပ်ဖွဲ့ထံမှ သိရသည်။

 

မတ်လ ၃၀ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ အချိန်ခန့်က အရာတော်မြို့ပေါ်ရှိ အထွေထွေ အုပ်ချုပ် ရေးမှူးရုံး၌ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သားများနှင့် ဌာနဆိုင်ရာ Non -CDM ဝန် ထမ်း များအတာသင်္ကြန်ရေ သဘင်အတွက်အစည်းအဝေးပြုလုပ်နေစဉ် လက်လုပ် ၁၂၀ မမ စလစ် ဗုံးသီး ၁ လုံးကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးမှူး၏ နေအိမ် ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဗုံးကျပေါက်ကွဲမှုကြောင့် လုံခြုံရေး ကင်းယူနေသော အကြမ်းဖက်စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို BGS Ayadaw Drone Force & Ayadaw Rocket တို့ ဦးဆောင်၍ မုံရွာခရိုင် ပကဖ ၊ မြို့နယ် ပကဖ၊ တိုက်နယ် ၄ ၊ တိုက်နယ် ၁၁ နှင့် မိုင်းမင်းသား ပြောက်ကျားအဖွဲ့တို့ ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *