Myinmu News

0 0
Read Time:2 Minute, 26 Second

စစ်ကိုင်း -မုံရွာလမ်းပေါ်တွင် ဘူဒိုဇာကားဖြင့် မိုင်းရှင်းနေသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး (ရုပ်သံ)

 

D Day News

မတ်လ ၃၁

 

စစ်ကိုင်းကိုင်း၊ မြင်းမူမြို့နယ်၊ ကန်ဖျားဇရပ်နှင့် ထီးဆောင်းကျေးရွာကြားတွင် ဘူဒိုဇာကားဖြင့် မိုင်း ရှင်းနေသော အကြမ်းဖက်စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Moe Nyo Revolution Force တပ်ဖွဲ့ထံမှသိရသည်။

 

ယမန်နေ့ မတ်လ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်က စစ်ကိုင်း – မုံရွာလမ်းမတလျှောက် ဘူဒိုဇာကားဖြင့် ထိုးကား မိုင်းရှင်းရာတွင် လုံခြုံရေးယူပေးနေသည့် အကြမ်းဖက်စစ်သား ၇၀ ခန့်ကို စနိုက်ပါ လက် နက်ငယ်များဖြင့် စောင့်ကြိုပြီး ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

 

“စစ်ကိုင်းမြို့နယ်၊ နုံးတွင်းကျေးရွာကနေ မြင်းမူဘက်ကို မိုင်းရှင်းထွက်လာတာ၊ မုံရွာ-မန္တလေးလမ်း လျှောက်ကို ဘူဒိုဇာနဲ့ လိုက်ထိုးပြီး ရှင်းနေဗျ၊ ၂ ရက်လောက်ရှိပြီ။ အခုမှ မြင်းမူမြို့နယ်ထဲ ရောက် လာ တာ။ ချောင်းဦးမြို့နယ်ထဲမှာ ဘူဒိုဇာကားတစ်စီးနဲ့ပဲ ရှင်းနေတာ၊ ဒီကားကတော့ စစ်ကိုင်းမြို့ နယ်နဲ့ မြင်းမူမြို့နယ်အစပ်ပေါ့၊” ဟု Moe Nyo Revolution Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

တိုက်ခိုက်ခံရပြီးနောက် ယင်းအကြမ်းဖက်စစ်သားများနှင့် ဘူဒိုဇာကားမှာ ထီးဆောင်ကျေးရွာရှိ စစ် တပ်စခန်းသို့ ပြန်လည်ဆုတ်ခွာသွားပြီ၊ ယနေ့ နံနက်ပိုင်းတွင်မြင်းမူမြို့ဘက်သို့ တဖန် ပြန်ထွက်လာ နေကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Moe Nyo Revolution Force – MNRF တပ်ဖွဲ့၊ Pentagram – ငါးထောင့် ကြယ် ၊ KDDF နှင့် ကျောက်ဆည်ခရိုင် တပ်ရင်း တပ်ရင်း ၂ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *