Hight Way News

0 0
Read Time:1 Minute, 22 Second

ရန်ကုန် -မန္တလေးအမြန်လမ်းပေါ်တွင် ဒုရဲမှူးတစ်ဦး ကားတိုက်ခံရပြီး သေဆုံး

 

D Day News

မတ်လ ၃၁

 

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန် -မန္တလေးအမြန်လမ်းပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဒုရဲမှူးတစ်ဦး ကားတိုက်ခံရပြီး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့သတင်း ရင်းမြစ်ထံက သိရသည်။

 

ယမန်နေ့မတ်လ ၃၀ ရက် နံနက်ပိုင်းက သံဖြူရပ်မြို့တွင် တာဝန်ကျနေသည့် ဒုရဲမှူး ကျော်စိုးမိုးသည် မန္တလေးမြို့သို့ စခန်းမှူးသင်တန်းတက်ရန် သွားရောက်စဉ် ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင်အ မှတ် ၂၈၂/၂ အနီး ကားရပ်နားကာ လမ်းဖြတ်ကူးစဉ် နောက်မှ တက်လာသည့် ခရီးသည်တင်ကားမှ ဝင်တိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

 

သေဆုံးသွားသည့် ဒုရဲမှူးကျော်စိုးမိုး၏ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းယာဉ်ဖြင့် မိတ္ထီလာမြို့ နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းကို ဝင်တိုက်ခဲ့သည့် ခရီးသည်တင်ယာဉ်မောင်းမှာ လည်းထွက်ပြေးသွားပြီး ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *