PDF News

0 0
Read Time:2 Minute, 41 Second

ကြို့ပင်ကောက်မြို့နယ်တွင် PDF စခန်းကို လိုက်ပြရန် စစ်တပ်စစ်ကြောင်းကို စောင့်နေသူ  အမျိုး သား တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

မတ်လ ၃၀

 

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် PDF စခန်းကို လိုက်ပြရန် အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကို စောင့်နေသူ သင်ခရိုင်ရွာသား တင်ရှိန်ကို ဖမ်းဆီးပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီ ခရိုင် PDF တပ်ဖွဲ့ထံမှ သိရသည်။

 

မတ်လ ၂၈ ရက် ည ၇ နာရီခန့်က ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ သင်ခရိုင်ရွာ တွင်နေထိုင် ပြီး အကြမ်းဖက်စစ်တပ်အတွက် သတင်းထောက်လှမ်းပေးခြင်း၊ PDF စခန်းများကို လိုက်လံ ရှာဖွေ ပြီး အကြမ်းဖက်စစ်တပ်ကို ခေါ်ကာ PDF စခန်းကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း သိရသည်။

 

“သူက သူ့တပည့်၂ ယောက်နဲ့ PDFစခန်းကို စစ်ခွေးတွေ စစ်ကြောင်းထိုးမှာကို လမ်းပြဖို့စောင့်နေတာ အဲ့ဒါကိုသတင်းရလို့ သူတို့နေတဲ့ တဲကိုဝင်စီးဖို့သွားတော့ သူ့တပည့် ၂ ယောက်က ဓားကိုင်ပြီးထွက် လာတာ သူတို့ ၂ ယောက်ကို သေနတ်နဲ့ပစ်တော့ထွက်ပြေးကြတယ်၊ အဲဒီကျမှ တင်ရှိန်ကိုဖမ်းပြီးရှင်း တာ ပြီးခဲ့တဲ့နှစ် ၃ လပိုင်းက ရှင်းလိုက်တဲ့ ရာအိမ်မှူးမိန်းမကို သူက ယူထားတာရာအိမ်မှူးမောင်မျိုး မိန်းမကိုယူပြီး အဲ့အိမ်မှာနေတယ်၊ သူကPDF ရဲဘော်တွေ အသွားအလာစောင်ကြည့်ပြီး PDF စခန်း နေရာ ကို စုံစမ်းနေတာ” ဟု သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကြို့ပင်ကောက်မြို့ နယ်တပ်ခွဲ ရိုးမပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ နတ်စစ်သည် နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ရှင်းလင်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီအလိုကျ အလုပ်လုပ်ပေးသူ၊ သတင်းပေးသူ၊ ပျူစောထီးအဖွဲ့ဝင်များနှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအား မည်သည့်အချိန်မဆို သုတ်သင်ရှင်းလင်းသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *