Pakokku News

0 0
Read Time:3 Minute, 6 Second

ပခုက္ကူမြို့နယ်တွင် တပ်မ ၁၀၁ မှ ထွက်ခွာလာသော စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု ကားတိမ်း မှောက်သွားပြီး ကားပေါ်ပါစစ်သား ၁၁ ဦးသေဆုံးပြီး ၁၉ ဦးအပြင်းအထန်ဒဏ်ရာရ (ရုပ်သံ)

 

D Day News

မတ်လ ၂၉

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ရွာအနီးတွင် ပခုက္ကူတပ်မ ၁၀၁ မှ ထွက်ခွာလာသော စစ် ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတိမ်းမှောက်သွားပြီး ကားပေါ်ပါ စစ်သား ၁၁ ဦး သေဆုံးကာ ၁၉ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၂၈ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ပခုက္ကူမြို့ တပ်မ ၁၀၁ မှ စစ်သား ၇၂ ဦး တင်ဆောင်ပြီး ထွက်လာသော စစ်ကား ၂ စီးကို ကန်တော်ကျေးရွာအနီးအရောက် အထူးစီးမံထား သော ဆွဲမိုင်း ၈ လုံး တစ်ပွိုင့်၊ ၆ လုံးတစ်ပွိုင့်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကား ၁ စီး တိမ်းမှောက် သွားပြီး ယာဉ်ပေါ်ပါ စစ်သား ၁၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၁၉ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ကားပေါ်တွင် အကြမ်းဖက်စစ်သား ၃၃ ဦး လိုက်ပါလာပြီး ကား၏ ရှေ့ဘီး ၂ လုံးမှာလည်း ကျွတ်ထွက်သွားကြောင်း၊ ကားပေါ်ပါ စစ်သားများ တစ်ဦးတစ် ယောက်မျှ အကောင်း ပတိမကျန်ရှိပဲ ခြေလက်ကျိုးခြင်း၊ နံရိုးကျိုးခြင်း စသည့် ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဒဏ်ရာရ စစ်သား များ ကို ကန်တော်ကျေးရွာအတွင်း၌ အရေးပေါ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖက ဦးဆောင်၍ Black Cobra ၊ PKU Thurain ၊ DMG ဓါးမင်းကြီး တပ်ဖွဲ့တို့ အတူတကွ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နောက်ချန်မော်တော်ယာဉ်တစ်စီးကို ထပ်မံ တိုက်ခိုက်နိုင်ရန် အသင့်ပြင်ဆင်ထားကြောင်း မြိုင်ပကဖမှတာဝန်ရှိသူတစ်ဦးက ပြောဆို သည်။

 

ထို့အပြင် ချင်းပြည်နယ်ဘက်သို့ ဦးတည်ကာ ထွက်ခွာလာသည့် ယာဉ်အစီးရေ ၁၀၀ ကျော်ပါ အ ကြမ်း ဖက် ထောက်ပို့ ယာဥ်တန်းမှာလည်း ပေါက်မြို့နယ်သို့ပင် ရောက်ရှိခြင်းမရှိသေးပဲ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်ခံရခြင်း၊ ဒရုန်းဖြင့်ဗုံးကျဲခံရကာ မကျည်း ၃ ပင်နီးတွင် ရပ်တန့်နေကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သားများအနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံ အကူအညီတောင်းခံကာ ပြည်သူ့ရင်ခွင်ထံသို့ ပူးပေါင်းကြရန်နှင့် ပူးပေါင်းခြင်းမရှိသူ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အသက်ချမ်းသာပေးမည်မဟုတ်ကြောင်း မြိုင်ပကဖက အသိပေး ထုတ်ပြန်ထားသည်။

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *