CDM News

0 0
Read Time:1 Minute, 34 Second

တနင်္သာရီမြို့နယ်၊ သိန္ဒေါစခန်းမှ စစ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

 

D Day News

မတ်လ ၂၉

 

တနင်္သာရီတိုင်း ၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် သိန္ဒောစခန်းမှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း – ၁ – ထံမှ သိရသည်။

 

မတ်လ ၂၅ ရက်နေ့က သိန္ဒေါစခန်း၌ တာဝန်ထမ်းဆောင်နေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားတစ်ဦးသည် ၎င်းကိုင်ဆောင်သော MA1 ၁ လက်၊ ကျည်ဘောက် ၄ ခု၊ကျည် ၅၄၀ တောင့် လက် ပစ်ဗုံး ၂ လုံး၊ အီနာဂါ ၂ လုံးတို့နှင့်အတူ အလင်းဝင်ရောက်ခဲခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့သို့ အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သားကို လုံခြုံသည့် နေရာ၌ ကောင်းမွန်စွာထားရှိပြီး နိုင်ငံ့ဝန်ထမ်း (CDM) မူဝါဒနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ က ထုတ်ပြန်ထားသည်။

 

မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်‌ကြောင်း – ၁ သည် မြိတ်ခရိုင်တပ်ရင်း ၂ ၊ တပ်ခွဲ ၁ ၊ ဘက် မလိုက် ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းအဖွဲ့(SWDF)နှင့် မြိတ်မြို့နယ် (ပကဖ) တို့ ပူးပေါင်း ထားကြောင်း သိရသည်။

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *