NTG News

0 0
Read Time:1 Minute, 41 Second

နွားထိုးကြီးမြို့မရဲစခန်း၊ ဆောက်လုပ်ရေးရုံးနှင့် စစ်တပ်အထိုင်စခန်းတစ်ကို တိုက်ခိုက် (ရုပ်သံ)

 

D Day News

မတ်လ ၂၈

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ဆောက်လုပ်ရေးရုံးနှင့် စစ်တပ်အထိုင်စခန်းတစ်ခု ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံး မှုရှိ ကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုး ကြီး PDF ထံမှ သိရသည်။

 

မတ်လ ၂၆ ရက် ညနေ ၄ နာရီခွဲခန့်က နွားထိုးကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ဆောက်လုပ်ရေးရုံးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖက်ဆစ်တော်လှန်ရေးနေ့အကြိုအဖြစ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု ကိုစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အလားတူ မတ်လ ၂၇ ရက် နံနက် ၉ နာရီခန့်က နွားထိုးကြီးမြို့ အရှေ့ဘက်ရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းတစ်ခုကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သားအများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း – နွားထိုးကြီး PDF ၊ နွားထိုးကြိးမြို့နယ် (ပ က ဖ) နှင့် မြင်းခြံမြို့နယ် (ပ က ဖ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *