Myingyan News

0 0
Read Time:2 Minute, 40 Second

မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းနှင့်ကျောက်ကန်ရွာရှိ စစ်သားများကို ဗုံးကျဲတိုက်ခိုက်မှု ၄ ဦးသေဆုံး (ရုပ်သံ)

 

D Day News

မတ်လ ၂၈

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းနှင့် ကျောက်ကန်ပျူစောထီးကျေးရွာတို့ကို ဒရုန်းဖြင့် ဗုံး ကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၂၇ ရက် နံနက် ၉ နာရီခန့်က မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို Shar Htoo Waw နည်းပညာ Fixed Wings Drone များဖြင့် ၁၃၀၀ ဂရမ်အလေးချိန်ရှိ မိုင်းဗုံးသီး ၃ လုံး၊ ၆၀၀ ဂရမ် အလေးချိန်ရှိ မိုင်း ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦး အပြင်း အထန်ဒဏ်ရာရရှိပြီး မန္တလေးဆေးရုံသို့ နာရေးကားဖြင့် သယ်ဆောင်သွားပြီး ဆေးကုသနေစဉ် သေ ဆုံးသွားကြောင်း သိရသည်။

 

“ထိချက်က တော်တော်ကောင်းပြီး ၄ ကောင် အပြင်းအထန်ဒဏ်ရာရတာ၊ အဲဒီ ဒဏ်ရာရတဲ့သူ တွေကို ကားနဲ့တခါတည်းတင်သွားတယ်လို့ မနေ့က သတင်းရတာပေါ့၊မန္တလေးဘက်ကို တင်သွား တာ၊ အခုကတော့ ၄ ကောင်လုံး ရှောသွားပြီလို့ သတင်းထပ်ရတယ်၊ ကျောက်ကန်ရွာမှာလည်း နာရေးကားတစ်စီးဝင်သွားတယ်လို့ သတင်းရတယ်၊ ကျန်တဲ့အပိုင်းကတော့ သိပ်မသိရဘူး၊ ပျူရွာလို့ ဖြစ်နေတော့၊သူတို့က စိုးမိုးထားတာဆိုတာ့” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

 

ထို့အပြင် ညနေ ၅ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစော ထီး များကို Fixed Wings Drone များဖြင့် ၆၀၀ ဂရမ်အလေးချိန်ရှိ ဗုံးသီး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိသော်လည်း အတိအကျ သိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံနှင့် ရွှေခြံသာပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ပြန်လည် ပစ်ခတ်မှု ရှိခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *