Karen News

0 0
Read Time:6 Minute, 43 Second

ထိုင်းနိုင်ငံ၏ အစီအစဉ်ဖြင့် စစ်ဘေးရှောင်ပြည်သူများကို ကူညီထောက်ပံ့ပေးနေစဉ် စစ်တပ်က တိုက်လေယာဉ်ဖြင့် ပျံဝဲခြိမ်းခြောက်မှုကြောင့် ပြည်သူများ ကြောက်လန့်ထွက်ပြေးခဲ့ရ

 

D Day News

မတ်လ ၂၈

 

ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်အတွင်း၌ ထိုင်းဘုရင့်နိုင်ငံအစိုးရ၏ အစီအစဉ်ဖြင့် လူသားချင်း စာနာ ထောက် ထားခြင်းဆိုင်ရာ အကူအညီများ ပေးဝေနေစဉ် စစ်တပ်က တိုက်လေယာဉ်ဖြင့် ပျံဝဲခြိမ်း ခြောက်မှုကြောင့် ပြည်သူများ‌ကြောက်လန့်ထွက်ပြေးခဲ့ကြရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

မတ်လ ၂၆ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန်က  ပိုင်ကျုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို ထိုင်းဘုရင့်နိုင်ငံ အစိုးရ၏ အစီအစဉ်ဖြင့် လူသားချင်းစာနာမှု အကူအညီပစ္စည်းများ ပေးဝေနေစဉ် စစ်ကောင်စီ၏ လေတပ်က တိုက်လေယာဉ် ၁ စီးဖြင့် ပိုင်ကျုံမြို့ပေါ်၌ အင်အားပြ ခြိမ်းချောက် ပျံသန်းပြသခဲ့ရာ စစ်ဘေးရှောင်ပြည်သူများ ကြောက်လန့်ပြီး ထွက်ပြေးကြရကြောင်း သိရသည်။

 

မတ်လ ၂၅ ရက်နေ့က ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေများဖြစ်သော ဖားအံခရိုင် နဘူးမြို့နယ်၊ ပိုင်ကျုံမြို့နယ်၊ ဒုံရင်းမြို့နယ် (သာမည) နယ်မြေများအတွင်းသို့ ထွက် ပြေးတိမ်းရှောင်နေကြသော စစ်ဘေးရှောင် (IDPs) ဦးရေ ၂၀,၀၀၀ (နှစ်သောင်း) ကို ရည်မှန်းကာ ထိုင်းဘုရင့်နိုင်ငံ အစိုးရ၏ အစီအစဉ်ဖြင့် လူသားချင်းစာနာမှု အကူအညီပစ္စည်းများကို ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မဲဆောက် – မြဝတီ ချစ်ကြည်ရေး တံတား အမှတ်၂ ၌ ထိုင်းကြက်ခြေနီမှတဆင့် မြန် မာကြက်ခြေနီထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းထောက်ပံ့ပစ္စည်းများကို ကရင်နယ်ခြားစောင့်တပ် (BGF) က မြဝတီ-ကယ်ဂေါ်-သေ့ကတေ-သာယာကုန်း လမ်းကြောင်းမှတဆင့် တာဝန်ယူသယ်ဆောင်ပေးခဲ့ပြီး၊ ထိုင်းဘုရင့်တပ်မတော်မှ စစ် ဖက်တာဝန်ရှိသူအချို့မှ ဝေငှမှုများကို စောင့်ကြည့် ရေးအတွက် အတူတကွလိုက်ပါလာခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဝေငှရာတွင် KNU ဖားအံခရိုင်မှ တာဝန်ရှိသူများက ထောက်ပံ့ကူညီသည့် ပစ္စည်း အရေ အ တွက် ၃,၈၇၄ ထုတ်ကို ကားတန်းနှင့် အတူလိုက်ပါခဲ့ပြီး ထိုင်းစစ်ဖက်မှ တာဝန်ရှိသူများထံမှ နဘူး မြို့နယ်တွင် လက်ခံရယူပြီး ခရိုင်အဆင့် ကရင်ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူများ အကူအညီ ပေးရေး ကော်မတီ (CIDKP Committee for Internally Displaced Karen People) နှင့် ကျေးရွာ လူမှုအဖွဲ့အစည်းများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

CIDKP နှင့် ကျေးရွာလူမှုအဖွဲ့အစည်းများတို့မှ ထောက်ပံ့ကူညီသည့် ပစ္စည်းများတို့ကို အကူအညီပေး အပ်ရာတွင် နဘူးမြို့နယ်မှ တပါး ပိုင်ကျုံမြို့နှင့် သာမည(ဒုံရင်းမြို့နယ်) တို့တွင် မမျှော်လင့်ဘဲ စစ် ကောင်စီ၏ တာဝန်ရှိသူများနှင့် မြန်မာ ကြက်ခြေနီအသင်း (MRCS)မှ တာဝန်ရှိသူများ ပါဝင်လာခဲ့ သော်လည်း KNU ခေါင်းဆောင်များက စိန်ခေါ်မှုများကြားမှ ထိန်းထိန်းသိမ်းသိမ်းဖြင့် လုပ်ငန်းပြီးစီး အောင် ဖြန့်ဝေနိုင်ခဲ့ကြောင်း သိရသည်။

 

စစ်ဘေးရှောင်နေရသည့် ပြည်သူများကို လူသားခြင်းစာနာထောက်ထားမှုအကူအညီ ပေးဝေခြင်း အားဖြင့် ရန်ဘက် လူမှုအဖွဲ့အစည်းများအကြား ယုံကြည်မှုကို ဖြစ်ထွန်းပေါ်ပေါက်စေနိုင်သော်လည်း ဘက်ပေါင်းစုံက သက်ဆိုင်သူ များအကြား ပွင့်လင်းမြင်သာမှုနှင့် ညှိနှိုင်းတိုင်ပင်မှုတို့ကို ပြုလုပ်ရန်မှာ လွန်စွာအရေးကြီးကြောင်း၊ ဤလုပ်ငန်းကြောင့် သက်ဆိုင်သူများအကြား ယုံကြည်မှုကို ထိခိုက်စေ ခြင်းသည် ပြဿနာကို ပို၍ နက်ရှိုင်းစေကြောင်း KNU ဗဟိုက သတိပေးထားသည်။

မြန်မာနိုင်ငံ၏ လူသားခြင်းစာနာထောက်ထားသည့် အကြပ်အတည်းနှင့်ပတ်သက်၍ သင့်တော်သော အကူအညီပေးအပ်မှုဆိုင်ရာ အဆိုပြု စဉ်းစားမှုအခြေခံ (Concept proposal) ကို ASEAN နိုင်ငံများ ထံ သို့ သော်လည်းကောင်း၊ ထိုင်းဘုရင့်အစိုးရထံသို့ သော်လည်းကောင်း ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ အဆိုပြုစဉ်းစားမှု အခြေခံအပေါ် သက်ဆိုင်ရာအစိုးရများက အလေးအနက်ထည့်သွင်းစဉ်း စားပါရန် KNU ဗဟိုက တိုက်တွန်းထားသည်။

 

မြန်မာနိုင်ငံ၏ လူသားခြင်းစာနာထောက်ထားမှုအကူအညီလိုအပ်သည့် အကြပ်အတည်းသည် လူ လုပ်အကြပ်အတည်း (Men-made Humanitarian Crisis) ဖြစ်ပြီး စစ်တပ်က ပြည်သူကို ရည်ရွယ် ချက်ရှိရှိဖြင့် ပစ်မှတ်ထားတိုက်ခိုက်နေသည့်အတွက် ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း KNU ဗဟိုက ပြောဆိုသည်။

 

စစ်တပ်သည် လူသားခြင်းစာနာထောက်ထားမှု အကူအညီအပေါ် နိုင်ငံရေးအရ အမြတ်ထုတ်ရန် အ စဉ် နည်းလမ်း ရှာကြံခဲ့ပြီး မြန်မာကြက်ခြေနီအသင်း (MRCS) သည် စစ်တပ်၏အရံတပ်ဖွဲ့ ဖြစ်ကာ စစ် ကောင်စီ ကို ထောက်ပံ့ ကူညီနေသည့်အဖွဲ့အစည်းဖြစ်သည်။ မိမိပြည်သူကို ပစ်မှတ်ထား တိုက် ခိုက်နေသည့် စစ်တပ်အကျိုးကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းက လူသားခြင်းစာနာထောက်ထား မှု အကူအညီပေးအပ်ရေးအတွက် ကိုယ်စားပြုခြင်းသည် ဒုက္ခရောက်နေသည့် ပြည်သူ၏ စိတ်ခံစား ချက်ကို ဥပေက္ခာပြုလိုက်ခြင်း ဖြစ်သည်ဟုဆိုသည်။

 

တစ်နိုင်ငံလုံးနီးပါးက လူသားခြင်းစာနာထောက်ထားမှုအကူအညီ အရေးပေါ်လိုအပ်နေသည့် ယခုလို ကာလတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ သက်ဆိုင်သူများအကြား ဘက်ပေါင်းစုံမှ သတင်းအချက်အလက် မျှဝေမှုနှင့် ညှိနိုင်းတိုင်ပင်မှုတို့ကို ပြုလုပ်ပြီးမှာသာ ရှေ့ဆက်ကူညီထောက် ပံ့ရေးကို စဉ်းစားကြရန် အလှူရှင်နိုင်ငံများကို KNU ဗဟိုက မေတ္တာရပ်ခံထားသည်။

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *