Drone News

0 0
Read Time:1 Minute, 26 Second

ပခုက္ကူမြို့နယ်၊ မကျည်းသုံးပင်အနီး ရောက်ရှိသော စစ်တပ် ထောက်ပို့ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် (ရုပ်သံ)

 

D Day News

မတ်လ ၂၈

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မကျည်းသုံးပင်အနီး ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် ထောက် ပို့ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကားများ ထိခိုက်ပျက်စီးမှုရှိကြောင်း မြိုင် ပကဖထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၂၇ ရက် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ပခုက္ကူမြို့နယ် မကျည်းသုံးပင် ရွာ အနီး ရောက်ရှိနေသော စစ်တပ် ရိက္ခာယာဥ်တန်းကို ဒရုန်းဖြင့် အီနာဂါဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ ရာ စစ်သားများ ထိခိုက်ဒဏ်ရာရရှိပြီး ယာဥ်တန်းမှ မော်တော်ယာဥ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ယာဉ်တန်းသည် ပခုက္ကူ – ကမ္မ – အရာတော် – ဂျိုးပြန်ရွာအနီး ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ Black Cobra၊ PKU Thurein၊ Kamma Defence Force (KMDF)၊ ဧရာအနောက်ပြောက်ကျားတပ်ဖွဲ့နှင့် DMG ဓါးမင်းကြီးတပ်ဖွဲ့တို့ ပူးပေါင်း ကာ လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *