Ngazun PDF News

0 0
Read Time:3 Minute, 0 Second

ငါန်းဇွန်မြို့နယ်၊ ရက္ခဒီပကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံး

 

D Day News

မတ်လ ၂၇

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ရက္ခဒီပကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပကဖထံမှ သိရသည်။

 

မတ်လ ၂၅ ရက်နေ့က ၂ ကြိမ်၊ မတ် ၂၃ ရက်နေ့က တစ်ကြိမ် ငါန်းဇွန်မြို့နယ်၊ ရက္ခဒီပကျေးရွာအနီး လှည့်လည်နေသော အကြမ်းဖက်စစ်သားများကို အသင့်ထောင်ထားသည့် မိုင်းကွင်းပေါ်အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

“ခွေးတွေက အဲဒီရွာနားပတ်ပြီးစစ်ကြောင်းလှည့်နေတာဗျ၊ ၂၃ ရက်နေ့ကလည်းစပြီး လှည့်ပတ်နေ တာ၊ အဲဒီခွေးတွေက သားကျင်ကျေးရွာ၊နတ်ကြီးကျေးရွာဘက်က ထွက်လာတဲ့ ခွေးတွေ၊ စစ်ကြောင်း က နှစ် ကြောင်းရှိတယ်၊ သူတို့က ပတ်လှည့်နေတာဆိုတော့ မိုင်းကွင်းထဲရောက်လာတဲ့ စစ်ကြောင်း ကို ဆွဲ လိုက်တာပဲ၊ ၁၁ ကောင်ဆိုတာ နည်းပြီးပြောလိုက်တာဗျ၊ ပြည်သူတွေရဲ့ပြောပြချက်အရတော့ ထမ်း စင်နဲ့သယ်သွားရတာတွေရှိတယ်၊ သယ်ထုတ်သွားရတဲ့ဟာတွေရှိတယ်ဗျ၊ စစ်ကြောင်းတစ်ခုလုံး တည့်တည့်မိလိုက်တာ၊” ဟု ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ငါးဇွန်ပကဖ တာဝန်ခံ ကိုသူရိန်က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ငါန်းဇွန်မြို့နယ်ပကဖနှင့် ငါန်း ဇွန် ပကဖ အဖွဲ့ဝင်များဖြစ်သော ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့ ၊ 925 ပျောက်ကျားအဖွဲ့ ၊ TGYR ပျောက် ကျားအဖွဲ့ ၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျား အဖွဲ့၊ ငန်းနက် ပျောက်ကျားအဖွဲ့၊ အားမာန်သစ်ပျောက်ကျားအဖွဲ့ ဖက်ဒရယ်ညီအကိုပျောက်ကျား အဖွဲ့တို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ငါန်းဇွန်မြို့နယ် ပကဖ နှင့် အဖွဲ့ဝင်တပ်ဖွဲ့များ အနေဖြင့် “အောင်ပန်းဝေဝေ ငါန်းဇွန်မြေ” ကမ်ပိန်းပြု လုပ်နေပြီး ယခု မတ်လ ၃၁ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သော်လည်း ၆၁ ရာခိုင်နှုန်းသာရရှိထား ကြောင်း၊ ထို့ကြောင့် ပြည်တွင်း နှင့် နိုင်ငံတကာမှမိဘပြည်သူများကဝိုင်းဝန်းကူညီပေးစေလိုကြောင်း မေတ္တာရပ်ခံထားသည်။

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *