Mindone News

0 0
Read Time:2 Minute, 6 Second

မင်းတုန်းမြို့နယ်၊ တိုင်းတားရွာအနီး၌ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၁ ဦးသေဆုံး

 

D Day News

မတ်လ ၂၇

 

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ တိုင်းတားကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်း ဖက်စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း United States Of Burma Army – USBA ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၂၆ ရက် ည ၈ နာရီခွဲခန့်က မင်းတုန်းမြို့နယ် တိုင်တားကျေးရွာ အနောက်ဘက်ရှိ ဘုရားကုန်းအနီးတွင် ကင်းပုန်းချထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက ပတ်ကင်းထွက်စဉ် ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“သူတို့က တိုင်တားရွာမှာ အင်အား ၁၀၀ လောက်နဲ့ စခန်းချထားတာ ၂ ပတ်လောက်ရှိပြီ။ သူတို့က ရွာမြောက်ဘက်ကို ထွက်ပြီးတော့လည်း ကင်းပုန်းဝပ်တာရှိတယ်၊ ရွာအနောက်ဘက်ကိုလည်း ထွက် ပြီးတော့ ကင်းပုန်းဝပ်တာရှိတယ်ဗျ၊ ရွာအနောက်ဘက် ဘုရားကုန်းနားမှာ ကင်းပုန်းဝပ်တာရှိတယ်၊ အဲဒီဘုရားကုန်းနဲ့ မီတာ ၃၀၀ ဝန်းကျင်လောက်မှာ ရောက်တဲ့အချိန် မသင်ကာစရာရှိလို့ ကြည့်လိုက် တဲ့အချိန်မှာ သူတို့က ရှေ့တက်လာတာနဲ့ ပစ်ခတ်မှုဖြစ်သွားတာပါ။” ဟု United States Of Burma Army – USBA တာဝန်ခံ ကိုဗဟိန်းက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို United States Of Burma Army – USBA ၊ မင်းလှမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့၊ မ‌ကွေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် Key Of Revolution ပြောက်ကျား တပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *