Dawie&ChaungU News

0 0
Read Time:2 Minute, 27 Second

ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာအနီး လုံခြုံရေးယူနေသော စစ်သားများကို အနီး ကပ်ပစ်ခတ်တိုက် ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ချောင်းဦးမြို့နယ်အတွင်းရှိ ရဲစ ခန်းတစ်ခုသို့ သွားရောက်ပြီး စနိုက်ပါဖြင့် လေ့ကျင့်ပစ်ခတ်မှု စစ်သား ၁ ဦးသေ ဆုံး

 

D Day News

မတ်လ ၂၇

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာအနီးတွင် လုံခြုံရေးယူနေသော အကြမ်းဖက်စစ်သားများကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ ကြောင်း Ye Phyu People Defence Force – YPPDF တပ်ဖွဲ့မှ ထံမှ သိရသည်။

 

ယနေ့မတ်လ ၂၇ ရက် ညနေ ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာရှိ အမတ ၃၀၂ တပ်ရင်း ဇဟာအမြောက်တပ်မှ အကြမ်းဖက်စစ်သားများသည် တပ်မတော်နေ့ အခမ်း အနားလုံခြုံရေးအတွက် ဇဟာကျေးရွာလမ်းမကြီးအား ပိတ်ဆို့ပြီး ကင်းယူနေစဉ် အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အချို့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF နှင့် ဗထူးတပ်မတော် -BHA တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေး များ အရှိန်အဟုန်မြင့် တိုက်ခိုက်လျက်ရှိရာ မိဘပြည်သူများအနေဖြင့် စစ်ရေးအထူး သတိပြု သွားလာ နေထိုင်ကြပါရန် တိုက်တွန်းထားသည်။

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ရဲစခန်းတစ်ခုအနီးသို့ သွားရောက်ပြီး စနိုက်ပါ လေ့ကျင့်ပစ် ခတ်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ချောင်းဦး PDF တပ်ဖွဲ့ထံမှ သိရသည်။

 

မတ်လ ၂၆ ရက်နေ့က ချောင်းဦးမြို့နယ်အတွင်းရှိ ရဲစခန်းတစ်ခုအနီးသို့ သွားရောက်ပြီး လမ်း လျှောက်ထွက်လာသော အကြမ်းဖက်စစ်သား ၂ ဦးကို CHUPDF Sniper Team မှ ရဲဘော်များက လေ့ကျင့်ပစ်ခတ်ခဲ့ရာ စစ်သား ၁ ဦးထိမှန်သေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *