Albino News

0 0
Read Time:3 Minute, 9 Second

ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ်မြေရဲစခန်းကို သိမ်းပိုက်မှုစစ်သား ၅ ဦးသေဆုံး၊ ၂၃ ဦးအရှင် ဖမ်းမိ (ရုပ်သံ)

 

D Day News

မတ်လ ၂၇

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ် ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂၃ ဦးအရှင်ဖမ်းမိကာ လက်နက် ၂၇ လက်သိမ်းဆည်းရရှိခဲ့ ကြောင်း Lion Battalion Commando – ဗျူဟာစစ်ကြောင်းက တရားဝင်ထုတ်ပြန်သည်။

 

ယမန်နေ့ မတ်လ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်မှ စတင်၍ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ်မြေ ရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ စတင်တိုက်ခိုက်ခဲ့ရာ ယနေ့ မတ်လ ၂၅ ရက် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၅ လောင်း၊ စစ် သုံးပန့် ၂၃ ဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင် ၁၈ ဦးနှင့် လက်နက် ၂၇ လက် ဖမ်းဆီး သိမ်း ဆည်းရရှိခဲ့ကြောင်း၊ သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို KNLA လက်အောက်ခံ ဗိုလ်အယ်စေးဝါးဦးဆောင်သော Lion Battalion ဗျူဟာ စစ်ကြောင်း၊ မွန်ပြည်သစ်ပါတီ – AD ၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် Mon Liberation Army၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့၊ KNDO တပ်ရင်း ၆ ၊​စောနဂါးတပ်ဖွဲ့၊ SSDF ဒရုန်းတပ်ဖွဲ့ နှင့် အယ်ဖာဘတ်ဒရုန်းအဖွဲ့ တို့မှပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေး ရဲဘော် ၂ ဦးမြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ အကြိမ်ရေ အမြောက်အများ အသုံး ပြုခဲ့ပြီး ကျေးရွာ စာသင်ကျောင်းနှင့် ပြည်သူလူထုနေအိမ်များ ပျက်စီးခဲ့ရသည့်အပြင် ပြည်သူ တစ်ဦး ထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။

 

သိမ်းပိုက်ရရှိသော ကော့ဘိန်းရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြန်လည် ဆုတ်ခွာခဲ့ကာ စစ်ကောင်စီ ဘက်မှလက်နက်ချအညံခံသူ၂၃ ဦးနှင့် မိသားစုဝင် ၁၈ ဦး တို့ကို လူအခွင့်ရေးနှင့်အညီ ထိန်းသိမ်း ထား၍ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ထံသို့ စနစ်တကျလွဲပြောင်းပေးထားကြောင်း သိရ သည််။

 

အကြမ်းဖက် စစ်ကောင်စီထံ တာဝန်မဆောင်လို၍ လက်နက်ဖြင့် CDM ပြုလုပ်လို သူများအနေဖြင့် MOD ထံ ချိတ်ဆက်ပြီး ပြည်သူလူထုနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်နှင့် ကရင်ပြည်နယ် ၊ ကော့ ကရိတ်ခရိုင် အတွင်းရှိ အုပ်ချုပ်ရေးမှူးများ အနေဖြင့် စစ်ကောင်စီအတွက် တပ်သားစုဆောင်းရန် လုပ်ဆောင်သူ မည်သူမဆို ပြင်းပြင်းထန်ထန်အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *