AA News

0 0
Read Time:4 Minute, 12 Second

ဘူးသီးတောင်အခြေစိုက် စကခ ၁၅ လက်အောက်ခံ ခမရ ၅၅၂ တပ်ရင်းကို သိမ်းပိုက်ရရှိ၊ မောင် တောင်မြို့ရှိ တမန်း သား ရဲစခန်းမှ စစ်ကောင်စီတပ်သား ၁၀၀ ခန့်လက်နက်ချအညံ့ခံ

 

D Day News

မတ်လ ၂၇

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင် အခြေစိုက် စကခ ၁၅ လက်အောက်ခံ ခမရ ၅၅၂ တပ်စခန်းကို အပြီး သတ်သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သားအလောင်းများ၊ လက်ခံချအညံ့ခံသူများနှင့် ခဲယမ်းချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ရခိုင့်တပ်တော် – AA က သတင်းထုတ်ပြန်သည်။

 

မတ်လ ၂၅ ရက်  မွန်းတည့် ၁၂ နာရီခန့်တွင် ဘူးသီးတောင်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၁၅ လက်အောက်ခံ၊ ခမရ ၅၅၂ တပ်ရင်းကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး လက်နက် ခဲယမ်းများ၊ စစ်သားအလောင်းများနှင့်အတူ လက်နက်ချအညံ့ခံသောစစ်ကောင်စီတပ်သားအချို့ကို လက်ရဖမ်းဆီးရရှိခဲ့ကြောင်း၊ ထိုအပြင်ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကိုလည်း လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ်စခန်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၈ နာရီ ၃၅ မိနစ် အချိန်၌ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ကြည်းကြောင်း၊ လေ ကြောင်းတို့ဖြင့် အပြင်းအထန်ခုခံခဲ့ကြောင်း၊ ထိုသို့ အပြင်းအထန် ခုခံကာကွယ်မှုကြားထဲမှ ရက် ပေါင်း (၃၂) ရက်အကြာ၌ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်လက်ကျန်စစ်စခန်းများကို တစ် ရက် မျှ ရပ်နားခြင်းမရှိဘဲ တစ်ခုပြီးတစ်ခု ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး လက်နက်ချ အညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း၊ လက်ရှိအချိန် အထိ ရက္ခိုင်၊ ပလက်ဝ ဒေသများမှ လက်နက်ချအညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစု အရေအတွက်မှာ ထောင်နှင့်ချီရှိပြီဖြစ်ကြောင်း သိရသည်။

ထိုအပြင် ရက္ခိုင့်တပ်တော်မှ တစ်လနီးပါး ဝိုင်းရံပိတ်ဆိုထားနိုင်ခဲ့ပြီးနောက် အတိုင်းအတာတစ်ခုထိ သိမ်းပိုက်ရယူထားပြီဖြစ်သော ရက္ခိုင်ပြည်၊ မောင်တောမြိုရှိ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကို လည်း အပြီးသတ်ရယူနိုင်ရေးအတွက် ထိုးစစ်အရှိန်အဟုန်မြှင်တင်ကာ  တိုက်ခိုက်လျက်ရှိကြောင်း အသိပေးထားသည်။

 

မတ်လ ၂၅ ရက်နေ့က မောင်တောင်မြို့ရှိ တမန်သားရဲကင်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရခိုင့် တပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုအလူးအလဲခံရပြီးနောက် ယင်းရဲကင်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ ဝင်အား ၁၀၀ ခန့် လက်နက်ချအညံ့ခဲ့ကြောာင်း၊ ယင်းရဲကင်းစခန်းအတွင်းမှ စစ်အသုံးအဆောင်များ၊ လက်နက်ခဲယမ်းများ အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင်ဒေသအတွင်းရှိ အကြမ်းဖက်စစ်တပ် စခန်းပေါင်းများစွာကို လပေါင်းများစွာ အကြာ ဝိုင်းရံ ပိတ်ဆို ဖြတ်တောက်ထားပြီးနောက် ထိုသို့ ပိတ်ဆို့ဖြတ်တောက်ခံ ထားရသော စစ်ကောင်စီတပ်စခန်းများထဲမှ လက်နက်ချအညံ့ခံခြင်းမရှိသော စစ်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ရခိုင်တပ်တော် – AA က ထုတ်ပြန်ထားသည်။

 

Photo – မောင်တောမြိုနယ်၊ တမန်းသားရဲကင်းစခန်းမှ ရက္ခိုင့်တပ်တော်ထံ လက်နက်ချအညံ့ခံခဲ့ သော စစ်ကောင်စီတပ်ဖွဲဝင်များအား ရက္ခိုင့်တပ်တော်မှ နိုင်ငံတကာစစ်သုံပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားစဉ်

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *