Seikphyu News

0 0
Read Time:1 Minute, 49 Second

ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ အနီးတွင် မိုင်းဖော်ယူသွားသည့် စစ်သားများ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး

 

D Day News

မတ်လ ၂၆

 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းထုပ်လုပ်စက်ရုံ – ကပစ ၂၂ အနီးတွင် မိုင်းဖော်ယူသွားသည့် အကြမ်းဖက်စစ်သားများ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးသွားကြောင်း ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုးထံက သိရသည်။

 

မတ်လ ၁၈ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၃၀ ခန့်က ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ – ပေါက်လမ်းမပေါ် တပေါင်းရွာနှင့် ကပစ ၂၂ ကြား၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများ လုံခြုံရေးယူနေသည့် နေရာ အနီး၌ မိုင်းကို လျှိုဝှက်ထိန်းသိမ်းထားခဲ့ပြီး လာရောက်သယ်ယူသွားသည့် စစ်သားများကို အဝေး ထိန်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ပကစ ၂၂ မှ စစ်သား ၃ ဦး၊ တပါင်းရွာ၌ အထိုင်ချထားသည့် စစ်သား ၂ ဦး နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

 

“ကပစ ၂၂ ကနေဆိုရင် ၅ ဖာလုံလောက်ပဲကွာမယ်၊ ကပစ ၂၂ က စစ်ခွေးတွေ အထိုင်ချထားတာ၊ သူတို့က မိုင်းကို ပွေ့ယူသွားတာ၊ ပွေ့ယူသွားတဲ့အချိန် ခွဲလိုက်တာ၊ အဝေးထိန်းမိုင်းဆိုတော့ လွယ် တာပေါ့၊ တကောင်ကတော့ တစ်စစီဖြစ်သွားတာ၊ အသားစတွေဆိုရင် ကော်ပြားနဲ့ပါ ကျုံးယူသွား တာတွေ့ရတယ်၊ ၃ ကောင်ကတော့ သေရုံပဲ၊ ကျန်တဲ့တစ်ကောင်ကတော့ မျက်နှာတစ်ခြမ်းနဲ့ လက် တွေပါ စုတ်ပြတ်သတ်သွားတာ၊” ဟု ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော် ကျားဇိုးက ပြောကြား သည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *