Pakko News

0 0
Read Time:2 Minute, 29 Second

ပခုက္ကူမြို့နယ်တွင် စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား၂ ဦးသေဆုံး (ရုပ်သံ)

 

D Day News

မတ်လ ၂၆

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းခွဲတိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ယနေ့ မတ်လ ၂၅ ရက်နံနက် ၁၀ နာရီမှ ၁၁ နာရီ မိနစ် ၄၀ အချိန်အထိ နေ့တွင် ပခုက္ကူမြို့နယ်၊ ငဖောင်ကန်ကျေးရွာသို့ ရောက်ရှိနေသော စစစ်သား ပျူစောထီး ၂၅ ဦးဝန်းကျင်ခန့်အား ဒရုန်းဖြင့် အီနာဂါဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦး အပါအဝင် ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်းကြောင်း သိရသည်။

 

ထိုသို့ ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သားများက ရွာကို မီးနှင့်ရှို့မည်ဟု ခြိမ်းခြောက် ကာ သေနတ်များ ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ငဖောင်ကန်ကျေးရွာနေ အမျိုးသမီးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိပြီး ဆေးကုသပေးမည်ဟုဆိုကာ အပြင်းအထန်ဒဏ်ရာရရှိသည့် အကြမ်းဖက်စစ်သား များနှင့်အတူ အောင်သာပျူစောထီးကျေးရွာမှ မော်တော်ယာဉ် ၂ စီးဖြင့် ပခုက္ကူမြို့သို့ သယ်ဆောင် သွားကြောင်း သိရသည်။

အလားတူ ယနေ့ မတ်လ ၂၅ ရက် မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် ညောင်ပင်လှ လမ်းခွဲ အနီးရှိ မိုင်းပွိင့်များကို လာရောက်ရှင်းလင်းစဥ် မိုင်းကွဲပြီး စစ်သား ၁ ဦး၊ ပျူစောထီး ၁ ဦး မရှုမလှ သေဆုံးသွားပြီး အနီးအနားရှိ အခြားစစ်သား၊ ပျူစောထီးများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို မြိုင် ပကဖ ၊ Black Cobra၊ PKU Thurain ၊ Young Force (UG)၊ DMG တပ်ဖွဲ့တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ မတ်လ ၂၅ ရက်နေ့မှစ၍ ကိုင်းတောမလမ်း၊ မြိုင်မြိုတွင်းမှ ပြည်သူများ မြသီတာရေကန်ထက် ကျော်လွန်၍ သွားလာခြင်း မပြုကြရန် အသိပေး ထုတ်ပြန်ထားသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *