Chaung U News

0 0
Read Time:1 Minute, 58 Second

ချောင်းဦးမြို့နယ်၊ မုံရွေးဈေးကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

 

D Day News

မတ်လ ၂၆

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွေးဈေးကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ် သား များကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်း အဖွဲ့ထံမှ သိရ သည်။

 

မတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွေးစျေးကို ၂ ရက်ဆက်တိုက် မီးရှို့ ဖျက်စီးခဲ့ ပြီး ထွက်လာသောသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ချောင်းဦးမြို့အဝင်အရောက် BLDF တပ်ခွဲ အညာမိုင်း အဖွဲ့က ပဒေသာမိုင်း ၃ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“မုံရွေးစျေးကို ၂ ရက်ဆက်တိုက် မီးရှို့ ဖျက်ဆီးခဲ့တဲ့ စခတွေကို ချောင်းဦးမြို့အဝင်မှာ ပဒေသာမိုင်း ၃ ပွိုင့် နဲ့ ဒီနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် BLDF တပ်ခွဲ အညာမိုင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ ပါ တယ်။ မျက်မြင် စခ ၄ ဦး သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်းများနိုင်တယ်။ ကျွန်တော်တို့ ရဲဘော် တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု BLDF တပ်ခွဲ အညာမိုင်း အဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ပြောကြားသည်။

 

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ကာ ချောင်းဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးအုပ်ရုံးအတွင်းသို့ ဝင်ရောက်သွား ကြောင်း သိရသည်။

 

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *