Jail News

0 0
Read Time:5 Minute, 6 Second

စစ်ကောင်စီကလွှတ်ပေးသည့် နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်သာရှိပြီး နိုင်ငံရေးအကျဉ်းသားများ နှင့် မိသားစုဝင်များကို အသုံးချ၍ စစ်ကောင်စီက နိုင်ငံရေးအမြတ်ထုတ်နေခြင်းကို ပြင်းထန်စွာကန့် ကွက်ရှုတ်ချ

 

သံလွင်မြန်မာသတင်း

ဇန်န်ဝါရီလ ၆

 

စစ်ကောင်စီကလွှတ်ပေးသည့် နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်သာပါဝင်ပြီး နိုင်ငံရေးအကျဉ်းသား များ နှင့် မိသားစုဝင်များကို အသုံးချ၍ စစ်ကောင်စီက နိုင်ငံရေးအမြတ်ထုတ်နေခြင်းကို ပြင်းထန်စွာ ကန့် ကွက်ရှုတ်ချပါကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM က ထုတ်ပြန်ထားသည်။

 

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဟုဆိုကာ အကျဉ်းသား (၅၈၆၄ ဦး)လွှတ်ပေးခဲ့ပြီး လွှတ်ပေးသည့်အထဲ၌ ၅၀၅ ပုဒ်မ နိုင်ငံရေးအကျဉ်းသား (၆၀၀) ဦးခန့် ပါဝင်ကြောင်း ပြောဆိုခဲ့ကြောင်း၊ နိုင်ငံရေးအကျဉ်းသားလွှတ်‌မြောက်လာမှုစာရင်းအား PPNM အနေ ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင် (၄၀) ကျော်အား စောင့်ကြည့်ကောက်ယူခဲ့ရာ နိုင်ငံရေး အကျဉ်းသား (၂၀၈)ဦး အကျဉ်းသူ (၁၃၁)ဦး စုစုပေါင်းနိုင်ငံရေးအကျဉ်းသား(၃၄၄)ဦး သာ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီထုတ်ပြန်သော အရေအတွက်ထက် များစွာ လျော့နည်းသည်ကို တွေ့ရှိရပြီး နိုင်ငံရေး အကျဉ်းသား လွတ်မြောက်မှုစာရင်း ဖုံးကွယ်ရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် နိုင်ငံရေးအကျဉ်းသား (၆၀၀) ခန့် လွတ်ပေးခဲ့ဟန် ပြောဆိုခဲ့ခြင်းသာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သား များကွန်ရက် – PPNM ထုတ်ပြန်ထားသည်။

 

ထိုသို့ စစ်ကောင်စီ၏ “နိုင်ငံရေးအကျဉ်းသားများကို အသုံးချကာ လိမ်လည်နိုင်ငံရေး အမြတ် ထုတ် နေမှု” နှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားဟောင်း ၂၆ ဦးမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါ ကြောင်း သဘောထားထုတ်ပြန်သည်။

 

နိုင်ငံရေးအကျဉ်းသားဟောင်းများအနေဖြင့် စစ်ကောင်စီ၏ အဆိုပါလွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပတ် သက်၍ မျက်ခြေမပြတ် စောင့်ကြည့်နေရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့၌ နိုင်ငံတဝန်း စစ်ကောင် စီ၏ အကျဉ်းစခန်း ၄၂ ခု မှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား အရေအတွက် ၃ဝဝ ကျော် သာရှိသည်ကို စိစစ်တွေ့ရှိရကြောင်း ထောက်ပြထားသည်။

 

အဆိုပါတွေ့ရှိချက်အရ စစ်ကောင်စီ၏ ပြန်လည်လွှတ်ပေးလိုက်သော နိုင်ငံရေး အကျဉ်းသား အရေ အတွက်ကို လိမ်လည် ထုတ်ပြန်မှုအား ထင်ရှားစွာတွေ့မြင်ရပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသော နိုင်ငံရေးအကျဉ်းသားများနှင့် ယင်းတို့၏ မိသားစုဝင်များကို အသုံးချ၍ စစ်ကောင်စီက နိုင်ငံရေးအမြတ်ထုတ်နေခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း နိုင်ငံရေးအကျဉ်းသား ဟောင်းများက သဘောထားထုတ်ပြန်ထားသည်။

 

နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံရေးခြေနင်းခုံအဖြစ် ချနင်း၍ ပြည်သူလူထု နှင့် တကမ္ဘာလုံးကို လိမ်လည်ရန် ကြိုးစားသော စစ်ကောင်စီ ၏ လုပ်ရပ်ကို မိမိတို့ နိုင်ငံရေးအကျဉ်းသား ဟောင်းများ အနေဖြင့် မျက်ခြေမပြတ်စောင့်ကြည့်နေပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။

 

သတင်းမီဒီယာများအနေဖြင့်လည်း စစ်ကောင်စီ၏ ထိုသို့ ကလိမ်ကကျစ် လိမ်လည် ပြောဆိုနေမှုများအပေါ် သတိကြီးကြီးထား၍ စောင့်ကြည့် သတင်းတင်ဆက်သွားကြပါရန်လည်း တိုက်တွန်းအပ်ပါသည်။

 

ထို့အပြင် စစ်ကောင်စီ၏ ဇန်နဝါရီ ၄ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင် တသက်တကျွန်း ပြစ် ဒဏ်ကျခံနေရသူ အကျဉ်းသား၊အကျဉ်းသူ ၁၄၄ ဦးအား ထောင်ဒဏ် ၁၅ နှစ်သို့ ပြောင်းလဲကျခံရ မည်ဟု ပါရှိရာ အဆိုပါ အကျဉ်းသား/သူများမှာ မည်သည့် ပုဒ်မများဖြင့် ကျခံနေရသူများဖြစ်သည်ဟု မပါရှိကြောင်း၊ ထို့ကြောင့် မည်သူများဖြစ်သည်ဟု မပါရှိခဲ့သည့်အတွက် ဆက်လက် စောင့်ကြည့် အ ချက် အလက်စိစစ်သွားရန် လိုအပ်ကြောင်း သက်ဆိုင်ရာ တော်လှန်ရေး အဖွဲ့အစည်းအသီးသီးအား အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *