Sagaing News

0 0
Read Time:3 Minute, 31 Second

ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့်မင်းကုန်းရွာကြားတွင် တနေကုန်နီးပါး တိုက်ပွဲဖြစ်ပြီး စစ်တပ်စစ် ကြောင်း တစ်ခုလုံးပြုတ်သေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၆

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြားတွင် တနေကုန်နီးပါး တိုက်ပွဲဖြစ် ပြီး စစ်တပ်စစ်ကြောင်းတစ်ခုလုံးပြုတ်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း – Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ပြောပါတယ်။

 

ဇန်နဝါရီလ ၃ ရက်နေ့က ရွှေဘိုမြို့လေ့ကျင့်ရေး ၈ ထောက်ပံ့နှင့် ပို့ဆောင်ဆက်သွယ်ရေးတပ်ကနေ အင်အား ၇၇ ဦးနဲ့ ထွက်လာသော အကြမ်းဖက်စစ်ကြောင်း ချောင်းဆုံကျေးရွာ၌ တစ်ညအိပ်တပ် စွဲခဲ့ ကာ ဇန်နဝါရီလ ၄ ရက်နေ့မှာလည်း အလည်ကိုင်းကျေးရွာမှာ ထပ်မံညအိပ်တပ်စွဲခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဇန်နဝါရီလ ၅ ရက်နေ့မှာ အလည်ကိုင်းကျေးရွာကနေ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ဆက်လက်ထွက်ခွာလာတဲ့အတွက် မှတ်ထိရွာနဲ့မင်းကုန်းကျေးရွာကြားအရောက်မှာ  ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။

 

တိုက်ပွဲဟာ မနက် ၇ နာရီအချိန်ကနေ ညနေ ၄ နာရီအထိ ကြာခဲ့ပြီးတော့ အကြမ်းဖက်စစ်တပ် စစ် ကြောင်း တစ်ခုလုံးပြုတ်သွားတယ်လို့ ဆိုပါတယ်။

 

အထိနာတဲ့အကြမ်းဖက်စစ်တပ်က မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်၊ ၁၂ နာရီ ၃၀ မိနစ်၊ ၁၂ နာရီ ၃၂ မိနစ်၊ ၃ နာရီ ၃၂ မိနစ် နဲ့ ၃ နာရီ ၃၅ မိနစ်တွေမှာ လေကြောင်းကနေ ပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ဝက်လက်မြို့ပေါ်မှလည်း စစ်ကူအင်အား ၃၀ ခန့် ထပ်မံထွက်လာတဲ့အတွက် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့တွေက ဖြတ်တောက်တိုက်ခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

 

“ကျနော်တို့က ဝက်လက်မြို့ပေါ်ကလာတဲ့ စစ်ကူအင်အားကို ဖြတ်တောက်ရေးလုပ်နေရလို့ အသေ အပျောက်စာရင်းနဲ့ လက်နက်ခဲယမ်းဘယ်လောက်သိမ်းဆည်းရရှိလဲ အတိအကျမသိရသေးဘူး။ စစ် ကြောင်းတစ်ခုလုံးကိုတော့ အပြီးသတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဝက်လက်နယ်မှာ ၂၀၂၄ ခုနှစ်က အခု လိုမျိုး အပြတ်မဖြုတ်နိုင်ခဲ့ဘူး။ အခု ၂၀၂၅ မှာတော့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ လက် နက်တွေရခဲ့တော့ ထိထိရောက်ရောက်လုပ်နိုင်ခဲ့တာပါ” ဟု ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း – Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ပြောပါတယ်။

 

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း၊ အမှတ် ၂ ခရိုင် ကွပ်ကဲရေး ရွှေဘိုခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း၂ ၊ မြို့နယ် ပကဖ နှင့် ဝက်လက်တိုက်နယ် ၂ အဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦးကျဆုံးကာ ၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

 

ဒါ့အပြင် ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းမှ MA3 အမျိုးအစား သေနတ် ၁ လက် ပျက် စီးဆုံးရှုံးခဲ့ တယ်လို့ သိရပါတယ်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *