ငဖဲမြို့နယ်၊ ဂုတ်စည်းရိုးကျေးရွာအနီးတွင် အမ်းမြို့နယ်မှ ထွက်ပြေးလာသည့် စစ်သား ၁၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၅
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စည်းရိုးကျေးရွာအနီးတွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ဘက်မှ ထွက် ပြေးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ ကြောင်း Chin Defence Force -Asho တပ်ဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့အထိ ၂ ရက်အတွင်း မကွေးတိုင်း၊ ငဖဲမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ အမ်းနယ်ကြား ရခိုင်ရိုးမပေါ်ရှိ ဂုတ်စည်းရိုးကျေးရွာအနီးတွင် အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာနှင့် တောင်ဇောက်ကျေးရွာတို့အနီးရှိ စစ်တပ်စခန်းများမှ ထွက်ပြေးလာသော အကြမ်းဖက်စစ်သား ၁၁ ဦး ကို လက်နက်ငယ် ၉ လက်၊ ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရ သည်။
“မကွေးတိုင်း၊ ငဖဲမြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ကြား ရခိုင်ရိုးမကြောပေါ်ပဲ၊ အဲဒီမှာ ရှိတဲ့ ဂုတ်စီးရိုးကျေးရွာရဲ့ အနီးတဝိုက်မှာ ဖမ်းဆီးရရှိခဲ့တာပါ။ ပစ်ခတ်ဖမ်းဆီးရတာမျိုးတော့ မရှိပါဘူး။ မကွေးတိုင်းနယ်ဘက်ကို ရောက်လာတဲ့အချိန်မှာ ကျနော်တို့ကြိုတင်နေရာယူထားတဲ့ နေရာကနေ လက်နက်ချဖို့ တားဆီးရတဲ့အဆင့်ပဲရှိပါတယ်။ ပစ်ခတ်ဖမ်းဆီးရတာမျိုးတော့မရှိပါဘူး။ လက်ရှိမှာ တော့ တစ်ရက်၊ နှစ်ရက်ပဲရှိသေးတော့ လုံခြုံအောင် စိတ်ချရတဲ့ကျနော်တို့စခန်းတွေပဲ ခေါ်ယူပြီး တော့ စစ်ဆေးမေးမြန်းနေဆဲပဲဖြစ်ပါတယ်။” ဟု Chin Defence Force -Asho တပ်ဖွဲ့မှ ဆလိုင်း ရိုချင်းက ပြောကြားသည်။
ဖမ်းဆီးထိန်းသိမ်းထားသူများကို စစ်ဆေးနေဆဲကာလဖြစ်ပြီး အပြစ်ပေးအရေးယူထားခြင်းမရှိ သေးကြောင်း သိရသည်။
“အရေးယူဖို့အပိုင်းကတော့ ပြောရခက်သေးတယ်။ ဖမ်းဆီးထိန်းသိမ်း၊ ဆိုက်ကိုတက်တွေခဏခဏ လုပ်ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်တည်ငြိမ်အောင် ပဲချုပ်နှောင်ထားရသေးတဲ့အခြေအနေမှာပဲ ရှိသေးတယ်။ ထွက်ဆိုချက်တွေလည်း မှန်ကန်တယ်လို့ ယူဆလို့မရသလို သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှု တွေကလည်း ဘယ်လိုပြစ်မှုတွေလည်းဆိုတာ အတည်ပြုဖို့ ခက်ခဲနေတဲ့ ကာလပဲဖြစ်ပါတယ်။ အဲဒီ တော့ အပြစ်ပေးအရေးယူမှုလတ်တလောတော့ မလုပ်နိုင်သေးပါဘူး။ ဖမ်းဆီးထိန်းသိမ်းထားတယ်၊ စစ်ဆေးမေးမြန်းနေဆဲကာလပဲဖြစ်ပါသေးတယ်” ဟု Chin Defence Force -Asho တပ်ဖွဲ့မှ ဆလိုင်း ရိုချင်း က ပြောဆိုသည်။
လက်ရှိအကြမ်းဖက်စစ်ကောင်စီတပ်က ရှေ့တန်းစစ်ကြောင်းများကို ဦးဆောင်နေသူ အရာရှိများက လည်း ကိုယ်လွတ်ရုန်းကာ ထွက်ပြေးနေကြောင်း၊ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့အသီးသီးတွင် တာဝန် ထမ်းဆောင်နေကြသော စစ်သားများ အနေဖြင့် ခြေဦးတည်ရာလျှောက်ပြေးနေခြင်း မပြုလုပ်ပဲ တော်လှန်ရေးတပ်ဖွဲ့များကို ချိတ်ဆက်၍ သော်လည်းကောင်း၊ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံ သွားရောက်၍သော်လည်းကောင်း အသာတကြည်အလင်းဝင်ကြရန် တိုက်တွန်းထားသည်။
“လက်ရှိရှေ့တန်းစစ်မြေပြင်တွေမှာတာဝန်ထမ်းဆောင်နေတဲ့ စစ်ကြောင်းမှူးတွေ၊ တပ်မှူးတွေ ကိုယ်တိုင်က မိမိရဲ့ ရဲဘော်တွေကို ရဲဘော်ရဲဘက်စိတ်အပြည့်နဲ့ ကူညီမျိုး၊ ရိုင်းပင်းတာမျိုး၊ အတူတ ကွထွက်ပြေးဖို့ ဆိုပြီး လုပ်ဆောင်ကြတာမျိုး မလုပ်ပဲနဲ့ ကိုယ်လွတ်ရုန်း ပြီးတော့ ထွက်ပြေးတာတွေ ကိုလည်း မျက်မြင်ကြုံတွေ့ နေရပြီဖြစ်တဲ့အတွက် ဒါတွေကို ချင့်ချိန်သုံးသပ်ပြီးတော့ မိမိ အသက်ရှင် ရပ်တည်နိုင်ဖို့ ၊ ပြီးတော့ ဖမ်းဆီးရရှိတဲ့ သုံ့ပန်းတွေ ခဏခဏဖြေကြားမှုအရ နိုင်ငံခြားကို ထွက်ပြီး တော့ အလုပ်လုပ်ကြမယ် ဆိုတဲ့သူတွေ၊ နိုင်ငံပြင်ပကို ထွက်ပြေးသွားချင်တယ်ဆိုတဲ့သူတွေ အနေနဲ့ တော့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကိုပဲ ပူးပေါင်းပြီးတော့ အလင်းဝင်ကြပါလို့ပဲ ပြောချင်တယ်။ စစ် တပ်ထဲမှာ ဝါဒဖြန့်ထားတဲ့ သတင်းမှားတွေဖြစ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တွေ့ပြီဆိုရင်တွေ့တဲ့ နေရာမှာ ပစ်သတ်ပစ်တယ်ဆိုတာတွေကလည်း မဟုတ်ဘူးဆိုတဲ့ အကြောင်း အချိန်တွေနဲ့ လုပ်ရပ် တွေနဲ့ တွေဆုံမှုတွေနဲ့လည်း သက်သေပြခဲ့ပြီးပြီဖြစ်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေအပေါ်မှာ စီစစ်ပြီးတော့ ယုံကြည်မှုထားပြီး အလင်းဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ဆလိုင်းရိုချင်းက ပြောဆိုသည်။
Thanlwin Myanmar Media