NUG News

0 0
Read Time:3 Minute, 16 Second

၀၂၄ ခုနှစ်အတွင်း စစ်တပ်မှ အရာရှိ ၃၁၅ ဦးအပါအဝင် ၁ သောင်း ၄ ထောင်ကျော် သေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၅

 

၂၀၂၄ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိ ၃၁၅ ဦးအပါအဝင် စစ်သား၊ ရဲ ၁ သောင်း ၄ ထောင်ကျော်သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေး တပ်မ တော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် ဒေသ ကာကွယ်ရေးတပ် အသီးသီး၏ တိုက်ခိုက်မှုကြောင့် စစ်တပ်မှ အရာရှိ ၃၁၅ ဦး သေဆုံးခဲ့ပြီး ၁၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီး အဆင့်ရှိသူ အနည်းဆုံး (၅၃) ဦးသည် လည်း သေဆုံး၊ ဒဏ်ရာရနှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

 

ထို့အပြင် စစ်၊ ရဲ နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၄၀၉၃ ဦး သေဆုံးခဲ့ပြီး ၇၃၆၃ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း၊ ယင်းအင်အားသည် တပ်မ အင်အား (၁၀) ခု ကျော်ပမာဏနှင့် ညီမျှသည့် အင်အားပြုန်း တီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်စခန်းပေါင်း ၇၄၁ ခုကို တော်လှန်ရေး အဖွဲ့အသီးသီးက သိမ်းပိုက်ရရှိ ထားပြီး ၎င်းစခန်းများအနက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း နှင့် တနင်္သာရီ တိုင်းတို့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် ဒေသ ကာကွယ်ရေးတပ်များက သိမ်းပိုက်ခဲ့သော စခန်းပေါင်း (၁၆၂) ခု ပါဝင်ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် (၂) ခု၊ ဒကစဌာနချုပ် (၁) ခု၊ စကခ ဌာနချုပ် (၅) ခု၊ စစ်ဗျူဟာ အခြေချစခန်း (၆) ခု၊ လေတပ်ဆွယ် (၂) ခု၊ တိုက်ခိုက်ရေး နောက် တန်းစခန်း (၈၆) ခု၊ လက်ရုံး နောက်တန်းစခန်း (၅၄) ခု၊ နယ်ခြားစောင့်စခန်း (၁၇) ၊ စုစုပေါင်း အခြေစိုက်ဌာနချုပ်စခန်း (၁၇၃) ခု ကို တော်လှန်ရေးအဖွဲ့များ အသီးသီး သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ၏ အဓိကတိုက်ခိုက်ရေးအင်အားဖြစ်သော တပ်မ (၁၀) ခု၊ စကခ (၁၇) ခု၊ တပ်မဟာ (၃) ခုတို့မှ စုစုပေါင်း တပ်ရင်း ၂၈၂ ရင်းတွင် အနည်းဆုံး တပ်ရင်း (၁၀၁) ရင်း ခန့် ဖွဲ့စည်းပုံ ပျက်နေပြီဖြစ်ကာ (၁၄၂) ရင်းသည် အင်အားချိနဲ့လျက်ရှိကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုသည်။

 

ထို့ကြောင့် စစ်ကောင်စီသည် အဓမ္မစစ်သား စုဆောင်းရေး အစီအစဉ်ကို အကောင်အထည်ဖော် လုပ် နေခြင်းဖြစ်ပြီး တပ်သားသစ်များသည် စစ်ကောင်စီအတွက် တိုက်ခိုက်ရေးအင်အား ဖြစ်မလာဘဲ လက်နက်နှင့်တကွ အလင်းဝင်မှုများ၊ တပ်ပြေးများ၊ သုံ့ပန်း အဖြစ် အဖမ်းခံရမှုများ များပြားလျက် ရှိကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *