Magway News

0 0
Read Time:3 Minute, 54 Second

ကန်ပက်လက်မြို့မှ ထွက်ပြေးလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၄

 

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်း၊ ဆောမြို့နယ်ကြားတနေရာတွင် ကန်ပက် လက်မြို့မှ ထွက်ပြေးလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း လောင်းရှည် PDF တပ်ဖွဲ့ ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၃၀ ရက်နေ့က ကန်ပက်လက်မြို့မှ စခန်းစွန့်ဆုတ်ခွါလာကြသော စစ်ကောင်စီ အဖွဲ့ခွဲ တပ်ဖွဲ့ဖြစ်သော စစ်သားနှင့် ရဲ စုစုပေါင်းအင်အား ၅၄ ဦးပါ စစ်ကြောင်းသည် ဆောမြို့မှတဆင့် လောင်းရှည်စစ်ကောင်စီတပ်စခန်းသို့ အင်အားပူးပေါင်းလာခဲ့ရာ ကန်ပက်လက်မြို့နယ်နှင့် ဆော မြို့နယ် နယ်ခြားတစ်နေရာအရောက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ ရာ စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာဖြင့် အရှင်ဖမ်းမိကာ ၃ ဦးမှာ အပြင်းအထန် ဒဏ်ရာများ ဖြင့် ကစဉ့်ကလျားထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်အမှတ် ၆ တပ်ရင်းနှင့်အတူ အမှတ် ၃ တပ်ရင်း လောင်းရှည်တိုက် နယ် ပ. က. ဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်း ကစဉ့်ကလျားထွက်ပြေးသွးသည့် အကြမ်းဖက်စစ် ကောင်စီတပ်သားများကို လိုက်လံ ရှင်းလင်းရာ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာဖြင့် ဖမ်းဆီး ရရှိခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲ ၂ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ G3 အမျိုးအစား သေနတ် ၁ လက်

MA2 အမျိုးအစား သေနတ် ၂ လက်၊ MA3 အမျိုးအစား သေနတ် ၁ လက် နှင့် ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း၊ ပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်အမှတ် ၆ တပ်ရင်း၊ လောင်းရှည်တိုက်နယ် ပ.က.ဖ အဖွဲ့၊ ဂန့်ဂေါ ခရိုင် အမှတ် အမှတ် ၃ တပ်ရင်း၊ အမှတ် ၅ တပ်ရင်း ၊ ကိုဘခက်အဖွဲ့ (စလင်း) နှင့် မကွေးတိုင်း ဒရုန်း တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“နောက်ထပ်ဖမ်းမိတာမျိုးမလဲ မရှိသေးပါဘူး၊ တိုက်ပွဲဖြစ်တာလဲ မရှိသေးပါဘူး။ လောလောဆယ် တော့ နယ်မြေ လုံခြုံရေး ဦးစားပေးလုပ်ဆောင်နေပါတယ်” ဟု လောင်းရှည် PDF တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

 

ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်း တောတွင်း တနေရာ၌ ထွက်ပြေး ပုန်းအောင်းနေသော အကြမ်း ဖက် စစ်သား ၂ ဦးကို မသင်္ကာသဖြင့် ပြည်သူများမှ သွားရောက်စုံစမ်းမေးမြန်းရာ ယင်းစစ်သား ၂ ဦး က ပစ်ခတ်ထွက်ပြေးသဖြင့် ပြည်သူ ၁ ဦးသေနတ်ထိမှန် ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။

 

ယခုအခါ ဂန့်ဂေါခရိုင် အမှတ် ၆ တပ်ရင်းမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင် နေပြီး ပြည်သူများအနေဖြင့် မိမိတို့ဒေသပတ်ဝန်းကျင်တွင် လူစိမ်းများတွေ့ရှိပါက အမြန်ဆုံးသတင်း ပေးပို့ကြပါရန် နှိုးဆော်တိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *