NUG News

0 0
Read Time:5 Minute, 12 Second

မြို့နယ်ပေါင်း ၁၄၄ မြို့နယ်ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး စစ်ကောင်စီထိန်း ချုပ်ထားနိုင်သည့် မြို့နယ်မှာ ၁၀၇ မြို့နယ်သာကျန်ရှိဟု NUG ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၄

 

မြို့နယ်ပေါင်း ၁၄၄ မြို့နယ်ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး စစ်ကောင်စီထိန်း ချုပ်ထားနိုင်သည့် မြို့နယ်မှာ ၁၀၇ မြို့နယ်သာကျန်ရှိတော့ကြောင်း NUG ၊ ကာကွယ်ရေး ဝန်ကြီး ဌာနက ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် တိုင်းရင်းသား တော် လှန်ရေးအဖွဲ့များက စိုးမိုးအုပ်ချုပ်လျက်ရှိသည့် မြို့နယ် စုစုပေါင်း ၁၄၄ မြို့နယ် ရှိပြီး ၄င်းတို့ အနက် မှ မြို့ ၉၅ မြို့ (မြို့နယ်အားဖြင့် ၄၈ မြို့နယ်) ကို အပြီးသတ်သိမ်းပိုက် အုပ်ချုပ်ထားပြီးဖြစ်ကြောင်း၊ နောက်ထပ် မြို့နယ် ၇၉ မြို့နယ်တွင်လည်း တော်လှန်စစ် ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။

 

စစ်ကောင်စီ စိုးမိုး အုပ်ချုပ်ထားနိုင်သည့် မြို့နယ်မှာ ၁၀၇ မြို့နယ်သာ ကျန်ရှိပြီး ရာခိုင်နှုန်းအားဖြင့် တနိုင်ငံလုံးမြို့နယ်စုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)နှင့် တိုင်း ရင်းသားတော်လှန်ရေးအဖွဲ့များက စိုးမိုးထိန်းချုပ်၊ အုပ်ချုပ်လျက်ရှိကာ ၂၄ ရာခိုင်နှုန်းတွင် တော်လှန် စစ်ဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်တွင် မြို့နယ် ၃၂ ရာခိုင်နှုန်း သာကျန်ရှိ၍ နိုင်ငံ၏ သုံးပုံ တပုံကိုပင် စိုးမိုး အုပ်ချုပ် နိုင်ခြင်း မရှိတော့သည်ကို တွေ့ရကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

 

တော်လှန်ရေးအဖွဲ့များ စိုးမိုးအုပ်ချုပ်လျက်ရှိသည့် မြို့နယ်ဆိုသည်မှာ စစ်ကောင်စီတပ် မကင်းစင် သေးသည့်တိုင်အောင် ၄င်း၏ အုပ်ချုပ်ရေးကို ဖျက်သိမ်း၍ ပြည်သူ့ အုပ်ချုပ်ရေး ဖော်ဆောင်ခြင်း၊ စစ်ကောင်စီတပ် လှုပ်ရှားမှုကို ကောင်းစွာပိတ်ဆို့၊ ကန့်သတ်ထားနိုင်ပြီး မိမိ၏လှုပ်ရှား သွားလာမှု ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ခြင်း ဟူသော လက္ခဏာများ ရှိသည့် မြို့နယ် များကို ဆိုလိုခြင်းဖြစ် ကြောင်းအသိပေးထားသည်။

 

တော်လှန်ရေးအဖွဲ့များ အပြီးသတ် သိမ်းပိုက်အုပ်ချုပ်လျက်ရှိသည့် မြို့ဆိုသည်မှာ စစ်ရေး အရရော အုပ်ချုပ်ရေးအရပါ စစ်ကောင်စီကို ရှင်းလင်းဖယ်ရှားပြီးဖြစ်သော မြို့များကို ဆိုလိုသည်ဟု ဆိုသည်။

 

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကိုယ်တိုင် သိမ်းပိုက်ထားသော မြို့များမှာ ခါမ်းပါတ်မြို့၊ ရွှေပြည်အေးမြို့၊ မော်လူးမြို့၊ မြို့သစ်မြို့၊ စဉ့်ကူးမြို့၊ တကောင်းမြို့၊ သပိတ်ကျင်းမြို့၊ ပင်လည်ဘူးမြို့ စုစုပေါင်း မြို့ (၈) မြို့ ဖြစ်ကြောင်း၊ ထို့အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း များရှိ အနည်းဆုံး ၆၇ မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် တော်လှန်ရေး အဖွဲ့များ ဝန်းရံပိတ်ဆို့ တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။

 

မဟာဗျူဟာလမ်းများဖြစ်သည့် မန္တလေး-ရွှေဘို-မြစ်ကြီးနားကားလမ်း/ ရထားလမ်း၊ မန္တလေး- မတ္တရာ-သပိတ်ကျင်း-ဗန်းမော်လမ်း၊ မန္တလေး-လားရှိုး-မူဆယ်လမ်း၊ ပုသိမ်-မုံရွာလမ်း၊ ရန်ကုန်- မော်လမြိုင်-သံဖြူဇရပ်-ရေး-ထားဝယ်-မြိတ်-ကော့သောင်းလမ်း၊ ပဲခူး-သထုံ-ဘားအံ-မြဝတီလမ်း၊ မုံရွာ-ကလေး-တမူးလမ်း၊ မင်းဘူး-အမ်း-စစ်တွေလမ်း၊ ပြည်-ပန်းတောင်း-တောင်ကုတ်လမ်း တို့၏ အဓိက အစိတ်အပိုင်းများကို တော်လှန်ရေးအဖွဲ့များက စိုးမိုးထိန်းချုပ် ထားကြောင်း သိရသည်။

 

ရေကြောင်းလမ်း အနေဖြင့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းမြစ်ကြောင်းများ၏ အဓိက အစိတ်အပိုင်းများကိုလည်း စိုးမိုး ထိန်းချုပ် ထားနိုင်ကြောင်း သိရသည်။

 

နယ်မြေ စိုးမိုးထိန်းချုပ်မှု ကျယ်ပြန့်လာရုံမက မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများ ကုန်သွယ် ရောင်း ဝယ်သည့် နယ်စပ်မြို့ အမြောက်အမြားကိုလည်း တော်လှန်ရေးအဖွဲ့များက သိမ်းပိုက် ထိန်းချုပ်ထား ပြီး တရုတ်၊ အိန္ဒိယ၊ ထိုင်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ နှင့် ဆက်သွယ်သော အဓိက နယ်စပ်ကုန် သွယ်ရေးမြို့ အနည်းဆုံး ၁၁ မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *