PDF News

0 0
Read Time:2 Minute, 45 Second

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတိုက်ပွဲအပါအဝင် တောင်ပိုင်းစစ်ဒေသ၌ တစ်ပတ်အတွင်း တိုက်ပွဲပေါင်း ၁၄ ကြိမ်ဖြစ်ပြီး စစ်သား ၇၃ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၄

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီ -ကော့ကရိတ် အာရှလမ်းမကြီးတိုက်ပွဲအပါအဝင် တောင်ပိုင်းစစ်ဒေသ၌ တစ်ပတ်အတွင်း တိုက်ပွဲပေါင်း ၁၄ ကြိမ်ဖြစ်ပြီး စစ်ကာင်စီတပ်သား ၇၃ ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်သည်။

 

ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ဇန်နဝါရီလ ၃ ရက်နေ့အထိ ၇ ရက်အတွင်း တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့ နှင့် ရန်သူစစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇၃ ဦးသေဆုံး၍ ၇၅ ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးအား ပြန်လည်စိုးမိုးရန် အင်အားဖြည့်ရောက်ရှိလာသော အောင်ဇေယျစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၃၂၊ ဗိုလ်တာပေါဦးဆောင် သော KNLA တပ်ရင်း ၂၈ ပူးပေါင်းစစ်ကြောင်းတို့ နေ့စဉ်နီးပါးထိတွေ့မှုဖြစ်ပွားနေပြီး စစ်ကောင်စီ ဘက်က အထိနာနေကြောင်း သိရသည်။

Photo – မြဝတီ ကော့ကရိတ် အာရှလမ်းမတိုက်ပွဲနှင့် အနန်းကွင်းဗျူဟာစခန်းတိုက်ပွဲတို့တွင် သိမ်း ဆည်းရမိခဲ့သော စစ်ကောင်စီ၏ လက်နက်ခဲယမ်းအချို့

ထို့အပြင် တော်လှန်ရေးပူးပေါင်းအဖွဲ့က ရိက္ခာနှင့် စစ်ကူလမ်းကြောင်းဖြတ်တောက်ထားသည့် အ နန်းကွင်း ဗျူဟာစခန်းသို့ ဝင်ရောက်ရန်ကြိုးပမ်းနေသော စစ်ကောင်စီ၏ တပ်ကူ သံတွဲ စစ်ကြောင်း ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)၊ နဂါးနီစစ်ကြောင်း၊ KNLA တပ်ရင်းများနှင့် ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Dawna Dragon၊ Cloud Wings ဒရုန်း ပူးပေါင်းအဖွဲ့တို့က ကြားဖြတ်၍တားဆီးပိတ်ဆို့ရာ စစ်ကောင်စီတပ်သားများ ထိခိုက် ကျဆုံးမှုများပြားသဖြင့် စစ်ကောင်စီတပ်က လေယာဉ် လက်နက်ကြီးများဖြင့် အပြင်းအထန် စစ်ကူ ပေးလျက်ရှိရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က ရဲဘော် ၃ ဦးမြင့်မြတ်စွာကျဆုံးခဲ့ပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *