Poem

0 0
Read Time:1 Minute, 34 Second

ကဗျာကဏ္ဍ “ရဲဘော်ထွန်းသာ လိုက်ခဲ့ပါ”

 

ပျိုးကြဲလက်

 

ရဲဘော်ထွန်းသာ ၊ လိုက်ခဲ့ပါကွ

တို့ရွာတကြော ၊ ရေစုန်မျော၍

ပြာတောထဲမှာ ၊ ပျောက်ရရှာပြီ

လာပါငါတို့ ၊ ကာကွယ်စို့ ။

 

ပျော်ခင်းဝေဆာ ၊ မင်းတို့ရွာနှင့်

ဝေဆာရှုမော ၊ ငါ့ရွာကြောကို

တိမ်ကောမည့်ဟန် ၊ ပြည်ဖျက်ရန်က

ခုခံနှိမ်နင်း ၊ ထူထောင်ရင်းဖြင့်

သက်နှင်းပေးဆပ် ၊ မှန်ရာရပ်မည်

စစ်တပ်သိက္ခာ ၊ ဆည်ပါစို့ ။

 

အာဏာယစ်မူး ၊ ခေါင်းဆောင်ရူးတို့

ခူးဆွတ်ခြေမွ ၊ ဖျက်ဆီးကြ၍

ဒုက္ခဝေသီ ၊ ငါတို့ပြည်နှင့်

စစ်သည်ရဲမက် ၊ ပြည့်ခြေလက်များ

ပျက်ခဲ့ရပြီ ၊ ထွန်းသာညီရေ့ ။

 

အတွေးသက်သက် ၊ ရွာမဖျက်နှင့် ။

အငေးသက်သက် ၊ မြို့မဖျက်နှင့် ။

အဆွေးသက်သက် ၊ ပြည်မဖျက်နှင့် ။

 

ဆွေးချိန်ငေးချိန် ၊ တွေးဆချိန်နှင့်

မှေးချိန်မရှိ ၊ လူ့ငတိကို

အသိစိတ်ဝင် ၊ လက်ငင်းပယ်၍

ကာကွယ်ကြမည်၊ ငါ့တို့ပြည် ။

 

ဒေသစုံလင် ၊ ပြည့်ရင်ခွင်က

ဘဝင်အေးစူး ၊ လက်နက်ချလျှင်

ပျော်ကြပါးကြ ၊ ကြင်နာစွ ။

 

အလံဖြူပြ ၊ လက်နက်ချ၍

ဒေသအကျိုး ၊ ပြည့်အကျိုးကို

ဆတိုးထမ်းရွက် ၊ ငါတို့လက်နှင့်

ပြည်ဖျက်ရန်စွယ် ၊ အသွယ်သွယ်ကို

ဖယ်ရှားပါစို့ သူငယ်ချင်း ။    ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက် ညနေ ၃ နာရီ ၅၈ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *