တော်လှန်ရေးကိုမေ့ပြီး ကိုယ်ကျိုးစီးပွားရှာနေသူတွေကို ထိထိ ရောက်ရောက်ကိုင်တွယ်သွားဖို့ အချိန်ကျပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြော
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၃
ပြည်သူကို မျက်နှာမမူပဲ ဥပဒေကိုချိုးဖောက်ကာ တော်လှန်ရေးကို မေ့ပြီးကိုယ်ကျိုးစီးပွားရှာနေ သူတွေကို ထိထိရောက်ရောက် ကိုင်တွယ်သွားဖို့ အချိန်ကျပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်းက ပြောဆိုလိုက်ပါတယ်။
ဇန်နဝါရီလ ၂ ရက် မနက် ၁၀ နာရီ က ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) မှာ ပြောဆိုလိုက်တာပါ။
“ဒီနေ့ဒီရက်ကစပြီး ပြည်သူကို မျက်နှာမမူတဲ့လုပ်ရပ် တွေကို ပြုလုပ်နေကြသူတွေ၊ ဥပဒေချိုး ဖောက်နေ သူတွေ၊ တော်လှန်ရေးကို မေ့ပြီး ကိုယ်ကျိုးစီးပွား ရှာနေသူတွေကို သက်ဆိုင်ရာ ဝန်ကြီး ဌာန များမှာ ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်သွားဖို့ အချိန်တန်ပြီဖြစ်ပါတယ်။ ဒီနှစ်ဟာ ကွန်တော်တို့အတွက် အင်မတန်အရေးကြီးတယ်ဆိုတာ အားလုံး နားလည်ပြီဖြစ်မယ်လို့ ယုံကြည်ပါ တယ်။” လို့ ပြည်ထောင်စုဝန်ကြီးက မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အဆင့်ဆင့် အုပ်ချုပ်ရေး ယန္တရားတွေကို ပိုမိုပြီး ပြည်သူကို မျက်နှာ မူတဲ့ ၊ ပြည်သူကို အလေးထားတဲ့ ၊ စည်းကမ်းသေသပ်တဲ့ အုပ်ချုပ်ရေး ယန္တရားတွေဖြစ်လာအောင် အထူးအလေးထား ဆောင်ရွက်သွား မယ်လို့ ၎င်းက ပြောဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကို ပြည်သူတွေကအားမလို အားမရဖြစ်နေတာတွေကိုလည်း ကြားသိရ ကြောင်း၊ ဒီအခြေအနေတွေကို မဖြစ်မနေ အမြန်ဆုံး ကျော်လွှားနိုင်ဖို့ ကြိုးစားကြရမှာဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေး ကဏ္ဍပြုပြင်ပြောင်းလဲမှုတွေဟာ တော်လှန်ရေးအတွက်လည်း အင်မတန် အရေးပါတဲ့ ကဏ္ဍမှာ ရှိနေတာမို့ အားလုံး တက်ညီလက်ညီကြိုးစားကြဖို့ လိုမှာဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
အဲဒီအစည်းအဝေးမှာ တက်ရောက်လာကြတဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင် မှု ဗဟိုကော် မတီအဖွဲ့ဝင်တွေမှ (၄၆/၂၀၂၄) မှာ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်း စဉ်တွေနဲ့ ပတ်သက်လို့ ပြီးစီးမှုအခြေအနေတွေ၊ ဆက်လက်ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကို ချပြရှင်းလင်းပြီးတော့ တက်ရောက်လာတဲ့ တာဝန်ရှိသူတွေက အကျယ်တဝင့် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
Thanlwin Myanmar Media