၂၀၂၄ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၉ ဦးသတ်ဖြတ်ခံရပြီး ဆေးဝါးကုသခွင့်မရသဖြင့် ၂၂ ဦးကျဆုံး၊ ကလေးနှင့်အတူရှိနေသည့်နိုင်ငံရေးအကျဉ်း သူ ၃၅ ဦးနှင့် ကိုယ်ဝန်ဆောင် ၇ ဦး ထောင်ဒဏ်ချမှတ်ခံရ
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၃၁
၂၀၂၄ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၉ ဦးသတ်ဖြတ်ခံရပြီး ဆေးဝါးကုသခွင့်မရသဖြင့် ၂၂ ဦးကျဆုံး၊ ကလေးနှင့်အတူရှိနေသည့်နိုင်ငံရေးအကျဉ်း သူ ၃၅ ဦးနှင့် ကိုယ်ဝန်ဆောင် ၇ ဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM က အစီရင်ခံစာထုတ်ပြန်သည်။
၂၀၂၄ ခုနှစ် အတွင်း ဖမ်းဆီးခံရပြီးနောက် အကျဉ်းထောင်အတွင်းနှင့် ထောင်ပြင်ပတွင် အမျိုး သား ၈ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၉ ဦး ဥပဒေမဲ့ သတ်ဖြတ်ခံရကြောင်း သိရသည်။
မနိုလ်ဘယ်အေးနှင့် ကိုလေးခွင်းတို့သည် ဝေါမြို့နယ်တရားရုံးမှ အပြန်သတ်ဖြတ်ခဲ့ပြီး ကိုဝင်းသီဟ နှင့် ကိုမင်းသူ (ခ) မော်လဝီရှက်မင်းတို့မှာ ထားဝယ်အကျဉ်းထောင်အတွင်းမှ အပြင်သို့ ခေါ်ထုတ်ကာ သတ်ဖြတ်ခံခဲ့ရကြောင်း၊ အလားတူ ကိုအောင်ကျော်ဇင်မှာလည်း မုံရွာအမှတ် ၁ ရဲစခန်း၌ အချုပ်ချ ထားခံရစဉ် အကြမ်းဖက်စစ်တပ်က ခေါ်ထုတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုနိုင်ဝင်းထွန်း (ခ) ဖားပြုတ်မှာ မြင်းခြံအကျဉ်းထောင်တွင်လည်းကောင်း၊ ထက်ရန်နိုင်(ခ)ထက် ထက်သည် အိုးဘိုအကျဉ်းထောင်တွင်လည်းကောင်း အကျဉ်းဦးစီးအရာရှိ၊ ဝန်ထမ်းများ၊ လက်ကိုင် တုတ်များ၏ ညှင်းပန်းနှိပ်စက်မှု၊ ရိုက်နှက်မှုကြောင့်လည်းကောင်း၊ ကိုထက်ရန်နိုင် (ခ) ထက်ထက် သည် အိုး ကျဆုံးခဲ့ပြီး ကိုအောင်နိုင်ထွန်းနှင့် ကိုကျော်စိုးဝင်းတို့မှာ မြစ်ကြီးနားအကျဉ်း တွင် အကျဉ်း ဦးစီးဌာနဝန်ထမ်းများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရကြောင်း သိရသည်။
၂၀၂၄ခ ခုနှစ်အတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသည့်အတွက် သေဆုံးခဲ့ရသည့် နိုင်ငံရေး အကျဉ်းသား အ မျိုးသမီး ၃ ဦး၊အမျိုးသား ၁၈ ဦး၊ LGBT ၁ ဦး၊ စုစုပေါင်း (၂၂)ဦးတို့သည် အကျဉ်းထောင်တွင်း ဖမ်းဆီး ခံထားရချိန် ထောင်တွင်းကျန်းမာရေး ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်းကြောင့် ကျဆုံး ခဲ့ရကြောင်း သိရသည်။
ထို့အပြင်၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှစ၍ ဖမ်းဆီးခံရချိန်အတွင်း၌ပင် ကိုယ်ဝန်သည် အဖြစ် သိရှိသည့်တိုင်အောင် ဖမ်းဆီးခံခဲ့ရခြင်း၊ အချို့နိုင်ငံရေးအကျဉ်းသူများသည် အကျဉ်းထောင် တွင်းရောက်ရှိချိန်မှ ကိုယ်ဝန်ရှိမှန်းသိရခြင်းကြောင့် လက်ရှိအကျဉ်းထောင်အတွင်း၌ ကလေးမီးဖွား၍ ကလေးငယ်နှင့်အတူ ထောင်တွင်း၌ အကျဉ်းချခံထားရများရှိကြောင်း သိရသည်။
အိုးဘိုအကျဉ်းထောင်တွင် ထောင်တွင်းကလေးငယ်မွေးဖွားပြီးနောက် ကလေးငယ်နှင့်အတူ မတရား အကျဉ်းကျခံနေရသူ ၂၇ ဦးရှိပြီး ကိုယ်ဝန်သည်နိုင်ငံရေးအကျဉ်းသူ ၇ ဦးအထိ ရှိကြောင်း၊ သာယာ ဝတီ အကျဉ်းထောင်တွင် ကလေးငယ်နှင့်အတူ အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသူ ၁ ဦးရှိ ကြောင်း သိရသည်။
ထို့အပြင် ဒိုက်ဦးအကျဉ်းထောင်တွင် ကလေးငယ်နှင့်အတူ အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်း သူ ၅ ဦး ၊ မုံရွာထောင်တွင် ကလေးငယ်နှင့်အတူ အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသူ ၁ ဦး ၊ ပေါင်းတည်ထောင်တွင် ကလေးငယ်နှင့်အတူ အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသူ ၁ ဦးရှိ ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media