Mandalay News

0 0
Read Time:2 Minute, 58 Second

တောင်သာမြို့နယ်၊ ဆင်ဖြူရွာ အုပ်ချုပ်ရေးမှူး ဝင်းကို၏ နေအိမ်ကို ဝင်ရောက်စီးနင်းမှု လက်နက် ၅ လက်နှင့်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၃၁

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဆင်ဖြူရွာ အုပ်ချုပ်ရေးမှူး ဝင်းကို၏နေအိမ်ကို ဝင်ရောက်စီး နင်းခဲ့ရာ လက်နက် ၅ လက်နှင့်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – TTA PDF ထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက် နံနက် ၅ နာရီခွဲခန့်က တောင်သာမြို့နယ်၊ မြင်းခြံ – ညောင်ဦး လမ်း ဘေးရှိ ဆင်ဖြူကျေးရွာ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် ဝင်းကို၏ နေအိမ်အားဝင်ရောက် စီးနင်းရာ ဝင်းကိုနှင့်ပျူစောထီးများ ထွက်ပြေးကြောင်း၊ ထို့ကြောင့် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေ ရာ ပြောင်းချောသေနတ် ၂ လတ် ၊ တူမီး သေနတ် ၁ လတ်၊ .22 လက်လုပ် သေနတ် ၁ လတ်၊ ပါရီ အမျိုးအစား သေနတ် ၁ လတ် နှင့် ဆက်စပ်သော ခဲ ယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ဆင်ဖြူရွာက ပျူရွာလို့တော့ နာမည်မပေါက်သေးဘူး ။ ပျူကတော့ရှိတယ်၊ တိတ်တိတ်ပုန်းပျူပေါ့။ အရင်ကတော့ စခတွေ လာတာမျိုးရှိတယ်။ အခုက မရှိဘူး။ ဝင်းကို အုပ်ချုပ်ရေးမှူးလည်း ဟုတ် တယ်။ ပျူခေါင်းဆောင်လည်းဖြစ်တယ်။ သူနဲ့ဆိုရင် အားလုံး ၇ ယောက်၊ ၈ ယောက်လောက်ရှိတယ်။ ဝင်စီးတဲ့အချိန်မှာ နည်းနည်းလောက်အပြန်အလှန် ပစ်ခတ်မှု တော့ဖြစ်ခဲ့တယ်။ သူတို့အကုန်ထွက် ပြေးသွားလို့ အိမ်ထဲဝင်ပြီး လက်နက်တွေ သိမ်းဆည်းလာခဲ့တာ” ဟု တောင်သာမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – TTA PDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ လုပ်ဆောင်မှုကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့- TTA PDF ၊ Burmese Guerrilla Force -Myingyan (BGF)၊ ညောင်ဦး ပကဖ နှင့် ညောင်ခရိုင်အမှတ် ၅ တပ်ရင်း တို့ လက်တွဲညီညီ ပူးပေါင်းဆောင်ရွတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တော်လှန်ရေး စစ်ရှိန်မြှင့်ကာ နေရာတိုင်းတွင် စစ်ဆင်ရေးဖော်ဆောင်သွားမည်ဖြစ်သော မိဘပြည်သူ များ အနေဖြင့် အကြမ်းဖက်စစ်သားများ၊ စစ်ကောင်စီ ထောက်တိုင်လက်ပါးစေများနှင့် ဝေးဝေးရှောင် နေကြရန်၊ မလိုအပ်ပဲ ခရီးသွားကြရန်၊ အိမ်စီးကားများ ကားမှန်ချမောင်းနှင်ပေးကြရန်နှင့် တော်လှန် ရေးကို မဆိုင်သလိုမနေကြပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *