Sagaing News

0 0
Read Time:2 Minute, 42 Second

ချောင်းဦးတွင် မိုင်းရှင်းရန် ထွက်လာသော စစ်သားများနှင့် မုံရွာ-မန္တလေး လမ်းပိုင်းရှိ မြပုလဲ စစ် တပ်ဂိတ် တို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၃၀

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို မိုင်း ဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း Yae Nagar PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၇မိနစ်ခန့်တွင် ချောင်းဦးမြို့မှ မိုင်းရှင်းရန် Light truck ကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်သားများကို ချောင်းဦးနှင့် နတ်ရေကန် အကြား လမ်းပိုင်း တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်းဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Yae Nagar အဖွဲနှင့် Seven Defend Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းရှိ မြပုလဲဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ် သား များ ထိခိုက်သေဆုံးမှုရှိကြောင်း BLDF အညာမိုင်းတပ်ခွဲထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၃ နာရီ အထိ မုံရွာ-မန္တလေး လမ်းပိုင်းတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်နေသော အကြမ်းဖက် စစ်တပ်၏ မြပုလဲ ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အတည်ပြု နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မ တော်တပ်ရင်း ၄ တပ်ခွဲ ၂ 5/ Commando Force ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၉ တပ်ရင်း FRF 2၊ မုံရွာ ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မ တော်တပ်ရင်း ၂၃ တပ်ခွဲ ၂ ၊ Tiger Brothers people’s Defence Force၊ BLDF အညာမိုင်း အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *