မြင်းခြံမြို့နယ်၊ လယ်သစ်ရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ပျူ ၂ ဦး သေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၃၀
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာမှ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက် ခဲ့ရာ ပျူ ၂ ဦးသေဆုံးတယ်ခဲ့တယ်လို့ Freedon Fighter Guerilla Force တပ်ဖွဲ့ထံက သိရပါတယ်။
ဒီဇင်ဘာလ ၂၉ ရက် နေ့က မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာကနေ အင်အား အလုံးအရင်းနဲ့ ထွက် လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တောလမ်းနေရာအရောက်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက လက်ဦးမှုရယူတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ပွဲဟာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ချိန် မိနစ် ၃၀ခ န့်ကြာခဲ့ပြီးတော့ ပျူ ၂ ဦး သေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရပြီးနောက်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ရှေ့ဆက်တက်မလာတော့ပဲ လယ်သစ်ကျေးရွာထဲကို ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကိုတော့ Freedom Fighter Guerilla Force ၊ LACR ၊ 8 Stars တပ်ဖွဲ့ နှင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွမှပူးပေါင်း တိုက်ခိုက်ခဲ့တာပါ။
Thanlwin Myanmar Media