သိမ်းပိုက်ရရှိထားသော မြို့နယ်များကို ပြည်သူလူထုကရွေးချယ်ထားသော အုပ်ချုပ်ရေးအဖွဲ့များဖြင့် အုပ်ချုပ်ရေးယန္တရားလည်ပတ်လျက်ရှိဟု ချင်းညီနောင်ထုတ်ပြန်
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၃၀
ချင်းပြည်နယ်အတွင်း သိမ်းပိုက်ရရှိထားသော မြို့နယ်များတွင် ပြည်သူလူထုကရွေးချယ်ထားသော အုပ်ချုပ်ရေးအဖွဲ့များဖြင့် အုပ်ချုပ်ရေးယန္တရားလည်ပတ်လျက်ရှိကြောင်း ချင်းညီနောင်အဖွဲ့က ထုတ် ပြန်သည်။
ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျရောက်သည့် ချင်းညီနောင် (Chin Brotherhood) ဖွဲ့စည်း တည်ထောင်ခြင်း တစ်နှစ် ပြည့် အစီရင်ခံထုတ်ပြန်ရာတွင် ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
ချင်းညီနောင်သည် ဖက်ဒရယ်ဒီမိုကရေစီချာတာ အစိတ်အပိုင်း ၂၊ အခန်း (၈)၊ အပိုဒ် (၅၂) အရ ဖွဲ့စည်းထားသော ချင်းပြည်နယ်၏ တစ်ခုတည်းသောပြည်ထောင်စုယူနစ်ဖြစ်သည့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တွင် အပြည့်အဝပါဝင်ကာ မိမိတို့စိုးမိုးထိန်းချုပ်ရာ နယ်မြေများဖြစ်သည့် တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ်၊ ဖလမ်းမြို့ နယ်၊ ကန်ပက်လက်မြို့နယ်၊ မင်းတပ်မြို့နယ်၊ မတူပီမြို့ နယ်၊ ကျင်ဒွေးမြို့နှင့် မရာနယ်မြေတို့တွင် ပြည်သူလူထုမှရွေးကောက် တင် မြှောက်သည့် Bottom up approach ဖြင့် စနစ်တကျ ဖွဲ့စည်းထားသော မြို့နယ်၊ ဒေသ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ များဖြင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးများအပြင် တရားစီရင်ရေးနှင့်အခြားပြည်သူ့ဝန်ဆောင်မှုများကို အားသွန်ခွန်စိုက် ဆောင်ရွက် လျက်ရှိကြောင်း အသိပေးထားသည်။
ထို့အပြင် ချင်းညီနောင်သည် အနာဂတ်တွင် ချင်းပြည်သူများ အားလုံးအတွက် တန်းတူညီမျှမှု၊ တရား မျှတမှု နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို အာမခံသည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်များ တည်ဆောက်နိုင်သည်အထိ အားသွန်ခွန်စိုက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဆက်လက် ပြောဆိုသည်။
သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ချင်းညီနောင်၏ အနာဂတ်မျှော်မှန်းချက်များ ပြည့်ဝစေနိုင် ရန်အတွက် ဆုမွန်ကောင်းတောင်းပေးခြင်းနှင့် ရန်ပုံငွေ ထောက်ပံ့ခြင်းအပြင် အခြားတတ်နိုင် သည့်ဘက်မှ ဆက်လက်ကူညီပံ့ပိုးခြင်းဖြင့် အားဖြည့်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယနေ့ထိတိုင်အောင် ချင်းညီနောင်ကို အဘက်ဘက်မှ ထောက်ပံ့ ကူညီလျက်ရှိသော အနယ်နယ်အရပ်ရပ်ရှိ မိဘပြည်သူများနှင့် မဟာမိတ်တော်လှန်ရေး အင်အားစု များ အပေါ်တွင် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် အနာဂတ်တွင် ယခုထက်ပိုမိုခိုင်မာသော ဆက်ဆံ ရေးတည်ဆောက်ကာ စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းသည်အထိ အတူလက်တွဲ တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။
Thanlwin Myanmar Media