ဂွမြို့နယ်ကို အပြီးသတ်သိမ်းပိုက်မှုအတွင်း တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း၊ တပ်ရင်းမှူး အချို့အပါအဝင် ၇၀၀ ခန့်သေဆုံး
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၃၀
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်မှုအတွင်း တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူး ကြီး သန်းစိုးဝင်း၊ တပ်ရင်းမှူး အချို့အပါအဝင် ၇၀၀ ခန့်သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် -AA က တရားဝင်ထုတ်ပြန်သည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စ၍ ဂွမြို့နယ်အခြေစိုက် တပ်ရင်းနှစ်ရင်းဖြစ်ကြသော ခမရ ၅၆၂ နှင့် ခမရ ၅၆၃ တပ်ရင်းတို့ကို အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၂၉ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် တပ်ရင်းနှစ်ရင်းစလုံးကို ရှေ့ဆင့် နောက်ဆင့် တစ်ရက်တည်း သိမ်းပိုက်ရရှိခဲ့ ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ဂွအခြေစိုက်တပ်ရင်းများအပြင် ဂွမြို့သို့ စစ်ကူလာသော- (၁) တပ်မ – ၆၆ လက်အောက်ခံ၊ ခမရ ၄ တပ်ရင်း ၊ (၂) တပ်မ – ၁၁ လက်အောက်ခံ တပ်ရင်းများ ဖြစ်ကြသော ခမရ – ၂၁၄ တပ်ရင်း၊ ခမရ -၂၁၅ တပ်ရင်း နှင့် ခမရ – ၂၁၇ တပ်ရင်း (၃) အနောက် တောင်တိုင်းစစ်ဌာနချုပ်-နတခ လက်အောက်ခံ ခလရ – ၃၆ တပ်ရင်း၊ ခလရ – ၃၈ တပ်ရင်း၊ ခလရ ၉၃ – တပ်ရင်း၊ ခလရ – ၂၇၁ တပ်ရင်းနှင့် ခမရ – ၃၀၈ တပ်ရင်းတို့ဖြင့် ခုခံခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်ရင်းများကို တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်းက ဦးဆောင်ကာ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးညွန့်ဦးနှင့် ဗိုလ်မှူးကြီး ကျော်ဇင်ထိုက်တို့နှင့်အတူ အင်အား ၁၂၀၀ ကျော်ဖြင့် ပုံစံ အ မျိုးမျိုး၊ နည်လမ်းအသွယ်သွယ်၊ သံချပ်ကာပစ်ကူ၊ လေကြောင်း၊ ရေကြောင်းပစ်ကူ၊ သံချပ်ကာ ၁၀ စီး၊ စစ်ကူ အမြောက်အမြားတို့ဖြင့် အသည်းအသန် ခုခံကာကွယ်ခဲ့ကြောင်း သိရသည်။
ထိုသို့ခုခံခဲ့သော်လည်း အာရက္ခတပ်တော်၏ ထိုးစစ်အား မည်သိုမျှ ယှဉ်မရဘဲ ၂ ပတ် အကြာ လက် လွှတ်ဆုံးရှုးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဂွမြိုသည် အာရက္ခတပ်တော်၏ ၂၀၂၄ ခုနှစ်အတွင်း နောက်ဆုံးသိမ်းပိုက်ရရှိခဲ့သော အာရက္ခဒေသ၏ တောင်ဖက်အကျဆုံး မြိုဖြစ်လာခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်မ ၁၁ တပ် မ မှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း ၊တပ်ရင်းမှူးအချို့အပါအဝင် စစ်သား ၇၀၀ ခန့် သေဆုံးခဲ့ပြီး ပျက်စီး သွားသော သံချပ်ကာအချို့၊ စစ်အသုံးအဆောင်လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းအများ အပြားကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ဂွမြိုသိမ်းတိုက်ပွဲအတွင်း သတ္တိပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်များ၊ အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ကြသော အာရက္ခစစ်သည်တော်များအား လေးနက်စွာမှတ်တမ်း တင် ဂုဏ်ပြုအပ်ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်ထားသည်။\
Thanlwin Myanmar Media