Read Time:57 Second
ကဗျာကဏ္ဍ “ခြင်းကြားတို့ဘုရင်”
ပျိုးကြဲလက်
သုံးရာသီ စစ်ရှုံးတဲ့
ချစ်ဆုံးရဲ့ မောင့်မှာ
ညစ်တုန်းကွယ့် မနိုင်ပါရင်
အပိုင်သာ ကြံဦး ။
ဟိုတုန်းက လူညီတယ်
တူကျီစယ် ပျော်ပေ့အထူး ။
စစ်ရှုံးမှ ဘေးရှောင်နေ
ခွေးကောင်တွေ စိတ်ကူး။
ပွဲကြိုက်မောင် ပျော်ဘူးကွယ့်
မော်ဖူးဟဲ့ ရဲဘော် ။
ငါ့ဇာတ်မှာ ခြင်းကြားက
နင်းပြားကွယ့် လူအလူရှော် ။
သုံ့ပန်းဘဝ သူပျော်တယ်
မြှူခေါ်မယ် ငယ်သား
ကယ်ငြား ကယ်သယောင်
အရာရှိမောင် ။
မသေဖို့ သူကဆောင်မယ်
လက်နက်တောင် ချဦးတဲ့လေး ။
‘က’ချင်လို့ ငါဇာတ်ထောင်တယ်
မင်းလွတ်အောင် ပြေးပေါ့ကွယ်လေး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် နံနက်အစောပိုင်း ၁ နာရီ ၅၀ မိနစ်
Thanlwin Myanmar Media