နတ်မောက်မြို့နယ်အတွင်းလှည်လည်ခိုးယူပြီး ပြည်သူ ၁ ဦးကို ပစ်ခတ်သတ်ဖြတ်ကာ နေအိမ် ၄ လုံး ကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂၀ ခန့် သေဆုံး ဟုဆို
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၂၈
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်းလှည့်လည်ပြီး ခိုးယူပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်ကာ နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ခန့် သေဆုံးခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၂၇ ရက် နံနက် ၁၀ မိနစ် ၅၀ အချိန်က နတ်မောက်မြို့နယ်၊ သင်ပုန်းကုန်းကြီး ရွာအနီးတွင် အင်အား ၅၀ ခန့်ပါ အကြမ်းဖက်စစ်ကား တစ်စီးကို နတ်မောက်မြို့နယ်တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ခန့်သေဆုံးပြီး အများ အပြား ဒဏ်ရာရရှိကာ နတ်မောက် မြို့ပေါ်မှ နာရေးကား ၂ စီး၊ ကန်တာကား ၁ စီးအပြင် စစ်တပ် စစ်ကူ ၄ စီးနှင့် ရဲ ကားများဖြင့် လာရောက်ကာ သယ်ဆောင်သွားကြောင်း သိရသည်။
“သင်ပုန်းကုန်းကြီးထိပ်က သံလမ်းနား၊ ကံကောင်းတကြောင်းထိုးလမ်းလို့ ခေါ်တာပေါ့။ ကတ္တရာ လမ်းနားရောက်တဲ့အချိန် နတ်မောက်မြို့ကို ပြန်ဝင်မယ့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ။ အဲဒီစစ်ကြောင်းက ကမ်းပြိုရွာ ခေါ်တာပေါ့၊ ကမ်းပြိုရွာကပ်လျက် လမ်းမပေါ် ရောက်တဲ့ချိန်မှာ ဘိလပ်မြေကားတစ်စီးကိုပေါ်တာဆွဲ ပြီးလိုက်သွားတာ၊ ကျနော်တို့က မိုင်းကွင်း ၂ ကွင်းဆင်ထား တာ၊ ပထမ တစ်ကွင်းဆွဲတဲ့အချိန်မှာ ကားပျက်ပြီး ရပ်သွားတယ်။ အဲဒီအချိန်မှာ သေနတ်တွေနဲ့ ပစ်ပြီးကားပေါ်ကနေ ကားပေါ်ကနေ အကုန်လုံး အုပ်စုလိုက်ကြီး ဆင်းချလာတာ။ မိုင်းကွင်းထဲမှာ အုပ်စုလိုက်ကြီး ရောက် နေတဲ့အနောက်မိုင်းကွင်းကို ဆွဲလိုက်တာ။ အရာရှိပါသေတယ်လို့ ကနဦးသ တင်းတော့ ရထားတယ်။ မိုင်းဆွဲပြီး တုံးလုံးပက်လက်တွေဖြစ်နေတာ ၂၀ ဝန်းကျင်လောက်ရှိတယ်လို့ သတင်းရတယ်။ ၂၀ လောက်သေတာလို့ခန့်မှန်းလို့ရတယ်။အဲဒီတုံးလုံးပက်လက်တွေကို လမ်းဘေး မှာ ဆွဲချထားပြီး ခရီးသွားကားတွေကို တားနေတယ်လို့ သတင်းရထားတာ။” နတ်မောက်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့- ပကဖ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ဒီဇင်ဘာလ ၂၂ ရက်နံနက် ၅ နာရီခန့်က နတ်မောက်မြို့ နယ်၊ စိုင်ခေါင်းကျေးရွာဘက်မှ မြင်းတဲကြီးကျေးရွာဘက်သို့ ဝင်ရောက်ခဲ့ပြီး နေအိမ်တစ်လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ဆက်လက်၍ ပန်းညိုကျေးရွာသို့ ဝင်ရောက်ကာ ပန်းညိုကျေးရွာနေပြည်သူ အား လုံးကို ဘုန်းကြီးကျောင်းအတွင်း စုစည်းဖမ်းထားကာ နေအိမ်များကို ဝင်ရောက်မွှေနှောက်ပြီး ပြည် သူပိုင်ရွှေ ၁၀ ကျပ်သားအပါအဝင် တန်ဖိုးကြီး ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။
ယင်းမှတဆင့် ကျောက်ဆည်ကျေးရွာကို ဆက်လက်ဝင်ရောက်ကာ ကျောက်ဆည်ကျေးရွာနေ ဦးမောင်စန်းကို ပစ်ခတ်သတ်ဖြတ်ပြီး နေအိမ် ၃ လုံးကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် လမ်းပေါ်၌တွေ့ရှိသည့် ဆိုင်ကယ် ၂ စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း နတ်မောက်မြို့နယ်၊ ကံလေးကုန်းရွာ အနောက်ဘက်တွင် နတ်မောက်မြို့နယ်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိ ကြောင်း သိရသည်။
Thanlwin Myanmar Media