အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ ထွက်ပြေးလာတဲ့ စစ်ကြောင်း ၂ ကြောင်းကို တိုက်ခိုက်ရှင်း လင်းမှု စစ်သားအများအပြား ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၂၈
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပေါ်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ထွက် ပြေး လာတဲ့ စစ်တပ် စစ်ကြောင်း ၂ ခုကို တိုက်ခိုက်ရှင်းလင်းခဲ့ရာ စစ်သားအများအပြားဖမ်းမိပြီးလက်နက် ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Chin Defence Force – Asho တပ်ဖွဲ့က ထုတ်ပြန်ထားပါ တယ်။
ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် -AA က တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာ စစ်ကြောင်းအသီးသီးကနေ တပ်ပျက်ထွက်ပြေးလာတဲ့ အင်အား ၉၀ ခန့်ရှိ စစ်တပ်စစ်ကြောင်း ၂ ခုကို ချင်းကာကွယ်ရေးတပ် – အရှိုတပ်ဖွဲ့က တိုက်ခိုက်ရှင်းလင်းခဲ့ တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ် စစ်ကြောင်း ၂ ခုကို အမ်း -ပဒါန်းလမ်းမအနီး ၊ ပျဉ်းဝစစ်ဆေးရေးဂိတ်၊ အ နောက် ဘက်မီတာ ၁၅၀၀ ကျော်နေရာမှာ ပိတ်ဆို့တားဆီးတိုက်ခိုက်ခဲ့ရာမှာ အချို့စစ်သားတွေက လက်နက်အပ်အလင်းဝင်လာသူရှိသလို အချို့စစ်သားတွေက စစ်ကြောင်းပျက်ကာ ဦးတည်ရာ ထွက်ပြေးကြတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှိုတပ်ဖွဲ့က ပြောပါတယ်။
ခြေဦးတည်ရာ ထွက်ပြေးနေတဲ့ စစ်ကြောင်စီတပ်သားတွေကို လိုက်လံရှာဖွေ ဖမ်းဆီးရာမှာ ဒီဇင်ဘာ လ ၂၅ ရက်နေ့က ၂၇ ရက်နေ့အထိ ၃ ရက်အတွင်း ၁၇ ဦး လက်ရဖမ်းမိခဲ့သလို လက်နက်ခဲယမ်းတွေ လည်းသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ကျန်ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ထက်မံပြီး လိုက်လံရှင်းလင်း မှုတွေ လုပ်ဆောင်နေတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) က ထုတ်ပြန်ထားပါ တယ်။
Thanlwin Myanmar Media