ချောက်မြို့နယ်တွင် PDF တပ်ဖွဲ့စခန်းကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီး၊ စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ့နေအိမ် ၅ လုံးပျက်စီး၊ ၉ တန်းကျောင်းသား တစ်ဦး ဖမ်းဆီးခံရ
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၂၈
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီး -နရွဲတောလမ်းပေါ်ရှိ PDF တပ်ဖွဲ့စခန်းကို အကြမ်းဖက်စစ် သားများက ဝင်ရောက်စီးနင်းခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Chauk Revolution Army -CRA ထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက် နံနက်အစောပိုင်းက ချောက်မြို့နယ်၊ ကုန်းကြီးပျူရွာဘက်မှ ကုန်းကြီး နရွဲတောလမ်းအတိုင်း အင်အား ၁၀၀ ခန့်ဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်း သည် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်တွင် Chauk Revolution Army -CRA စခန်းအနီးသို့ ရောက်ရှိ သဖြင့် အပြန်အလှန်ပစ် တိုက်ပွဲ ၁ နာရီခန့်ဖြစ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ် ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အင်အားမမျှဖြင့် ဆုတ်ခွာပေးလိုက်ပြီး နောက် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ နရွဲတောကျေးရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲပြီးနေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်သားများက Chauk Revolution Army -CRA စခန်းကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထို့နောက် အကြမ်းဖက်စစ်တပ်စစ်ကြောင်း ပြန်လည်ဆုတ်ခွာစဉ် ကံသစ်ကုန်းကျေးရွာမှ ပြည်သူ့ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးကာ အသက် ၁၄ နှစ်အရွယ် ၉ တန်းကျောင်းသား မောင်မင်းခန့်ကို လည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
Thanlwin Myanmar Media