Magway News

0 0
Read Time:1 Minute, 37 Second

ပေါက်မြို့နယ်၊ ကိုင်းလယ်ရဲစခန်းမှ ရဲတပ်သား ၂ ဦးလက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၈

 

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ရဲစခန်းမှ ရဲတပ်သား ၂ ဦးလက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း ပေါက်တောင်ပိုင်း ပကဖ – Young Revolution Force- YRF ထံမှသိရသည်။

 

ဒီဇင်ဘာလ ၂၆ ရက်နေ့က ပေါက်မြို့နယ်တောင်ပိုင်းရှိ ကိုင်းလယ်ရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် G3 အျမိုးအစားသေနတ် ၁ လက်နှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း၊ အလားတူ ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း အဆိုပါ ရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် G3 အမျိုးအစားသေနတ် ၁ လက်၊ G3 အမျိုးအစား ကျည်ဆံ အတောင့် ၁၀၀ နှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ အမြင်မှန်ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ပူးပေါင်းလာသော ရဲတပ်သား ၂ ဦးကို လုံခြုံ သောနေရာသို့ ပို့ဆောင်ကာ စားဝတ်နေရေးလိုအပ်ချက်များကို အကောင်းဆုံးကူညီဆောင်ရွက်ပေး ထားကြောင်း သိရသည်။

 

ပြည်သူလူထုနှင့်အတူ ပူးပေါင်းအလင်းဝင်လာမည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ၊ ပျူစောထီးများ ကို ပေါက်တောင်ပိုင်း ပကဖ – YRF တပ်ဖွဲ့က အမြဲတမ်းကြိုဆိုလျက်ရှိပြီး မိမိတို့သွားလိုသော နေရာ သို့ အရောက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *